NLD ပါတီ အစိုးရဖွဲ့လို့ မရတော့ဘူး၊ ကော့မှူးမှာ NLD ရှုံးပြီ ဆိုတဲ့ သတင်းအမှား ဖြန့်

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

နိုဝင်ဘာ (၈) ရက် အထွေထွေရွေးကောက်ပွဲကြီး ကျင်းပပြီးတဲ့ နောက် ရွေးကောက်ပွဲ နဲ့ ပတ်သက်တဲ့ သတင်းအတု၊ သတင်းအမှားတွေ ကို ဖြန့်ချိနေတာ ရှိပါတယ်။

အခုပြောပြလိုတာကတော့ NLD ပါတီ အစိုးရမဖွဲ့နိုင်တော့ဘူးဆိုတဲ့ သတင်းကို နိုဝင်ဘာ(၈) ရက်နေ့ ဆယ် နာရီ ကျော်ခန့် က ဂျင်းတို့၏မာယာ အမည်ရတဲ့ ပေ့ချ်ကနေ ဖြန့်ချိခဲ့တာ တွေ့ရပါတယ်။  သည်နေရာမှာ ကြည့်နိုင်ပါတယ်။ web archive ကို သည်နေရာမှာ ကြည့်နိုင်ပါတယ်။

သည် အချက်အလက်အမှား ကို ထပ်ဆင့်ဖြန့်ချိသူတွေ၊ မှတ်ချက်ပေးသူတွေ React ပြုသူတွေ ရှိတာကိုလည်း တွေ့ရပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ဂျင်းတို့၏ မာယာ ပေ့ချ်က ဖြန့်ချိတဲ့ NLD ပါတီ အစိုးရဖွဲ့လို့ မရတော့ဘူး ဆိုတဲ့ အချက်အလက် ဟာ မှန်ကန်မှု မရှိပါဘူး။ဂျင်းတို့၏ မာယာ ပေ့ချ်က သည် သတင်းကို စတင်ဖြန့်ချိခဲ့တဲ့ နိုဝင်ဘာ (၈) ရက် ည ဆယ် နာရီ ကျော်ခန့် အချိန်ဟာ ရွေးကောက်ပွဲ ရလဒ်တွေကို နေရာအတော်များများမှာ သိရှိနေရပြီး NLD ထောက်ခံသူတွေ အောင်ပွဲခံနေကြချိန်လည်း ဖြစ်ပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် က ရလဒ်တွေကို မကြေညာသေးပေမယ့်လည်း ထွက်ပေါ်လာတဲ့ မဲရလဒ်တွေအရ NLD ပါတီ အနေနဲ့ အစိုးရ ဖွဲ့နိုင်ပြီဆိုတာကို နိုင်ငံရေးလေ့လာသုံးသပ်သူတွေ က သိရှိနေကြပါပြီ။

SS / 7 Day News Journal ၏ ဖေ့စ်ဘွတ်စာမျက်နှာတွင်ဖော်ပြထားသည့် အချက်အလက်

ဒါ့အပြင် လက်ရှိ NLD ပါတီရဲ့ အနိုင်ရလဒ် ဟာ ၂၀၁၅ ခုနှစ်ထက်သာလွန်ပြီး အစိုးရဖွဲ့နိုင်တဲ့ အခြေအနေထက်ပိုတယ်ဆိုတာကို ပြည်တွင်းမီဒီယာကြီး တစ်ခုဖြစ်တဲ့ 7 Day မှာ ဖော်ပြထားပါတယ်။  သည်နေရာမှာ ကြည့်နိုင်ပါတယ်။

SS / The Voice Journal ဖေ့စ်ဘွတ်စာမျက်နှာတွင် ဖော်ပြထားချက်

NLD ပါတီ ဟာ အစိုးရဖွဲ့နိုင်တဲ့ ပမာဏ ထက်ကျော်လွန်ကာ အနိုင်ရရှိထားပြီ လို့ The Voice Journal က ဖော်ပြထားပါတယ်။ သည်နေရာမှာ ကြည့်နိုင်ပါတယ်။

သည်အချက်တွေ ကို ကြည့်ခြင်းအားဖြင့် ဂျင်းတို့၏ မာယာ ပေ့ချ်က ဖော်ပြခဲ့တဲ့ NLD ပါတီ အစိုးရဖွဲ့လို့ မရတော့ဘူး ဆိုတဲ့ အချက်ဟာ အမှားသာ ဖြစ်ပါတယ်။

ဂျင်းတို့၏ မာယာ ပေ့ချ်က ဖော်ပြခဲ့တဲ့ ကော့မှူးမှာ NLD ရှုံးပြီဆိုတဲ့ သတင်းဟာလည်း သတင်းအမှား တစ်ခုသာဖြစ်ပါတယ်။ သည်နေရာမှာ ကြည့်နိုင်ပါတယ်။ web archive ကို  သည်နေရာမှာ ကြည့်နိုင်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း အဖြစ် မှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ NLD ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် အနိုင်ရရှိခဲ့ကြောင်း သတင်းကို  သည်နေရာမှာ ကြည့်နိုင်ပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

အားလုံးဘေးကင်းကျန်းမာကြပါစေ။

ငြမ်းမီဒီယာ


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , , ,