NLD မဲဆွယ်စည်းရုံးမှု နဲ့ ပတ်သက်၍ သတင်းအမှား ဖြန့်

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

အခုပြောပြလိုတာကတော့ NLD မဲဆွယ်စည်းရုံးမှုနဲ့ ပတ်သက်ပြီး ဖြန့်ချိထားတဲ့ သတင်းအမှား တစ်ပုဒ်အကြောင်း ဖြစ်ပါတယ်။

သည်သတင်းအမှားကို သီဟ အမည်ရ ဖေ့စ်ဘွတ်အကောင့် ကနေ ဖြန့်ချိခဲ့တာ ဖြစ်ပါတယ်။ သည် သတင်းကို ထပ်ဆင့် ဖြန့်ချိသူ၊ မှတ်ချက်ပေးသူ နဲ့ React ပေးသူတွေ ရှိတာကိုလည်း တွေ့ရပါတယ်။

သီဟ အမည်ရ ဖေ့စ်ဘွတ်အကောင့်ဟာ ” စာတတ် ပေတတ် မို့ပေါ့ ဒေါက်တာရေ အာ့တာကြောင့် စာမတတ် ပေမတတ်စုံလုံးကန်း ငပိန်းလို့ အပြောခံရတာ နည်းတောင်နည်းသေးတယ်(မူရင်းအတိုင်း) ” လို့ ရေးသားထားမှုနဲ့ အတူ Screen Shot တစ်ခုကို အမျိုးဘာသာ သာသနာကို ချစ်မြတ်နိုးသူများ ဆုံဆည်းရာ ဆိုတဲ့ ဖေ့စ်ဘွတ် ဂရုထဲမှာ ဖြန့်ချိထားတာတွေ့ရပါတယ်။  သည်နေရာမှာ ကြည့်နိုင်ပါတယ်။ (web archive ကို  သည်နေရာမှာ ကြည့်နိုင်ပါတယ်)

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

သီဟ အကောင့် က ဖြန့်ချိထားတဲ့ အချက်အလက်တွေနဲ့ ပတ်သက်ပြီး အမှား၊အမှန် စစ်ဆေးရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဗဟိုရွေးကောက်ပွဲ အောင်နိုင်ရေး ကော်မတီ ပြောရေးဆိုခွင့် ရှိသူ ဒေါက်တာမျိုးညွန့် ထံ ငြမ်းမီဒီယာ က ဆက်သွယ်မေးမြန်းခဲ့ရာ သည်သတင်းဟာ NLD ပါတီကို တိုက်ခိုက်ထားတဲ့ သတင်းအမှားသာ ဖြစ်တယ်လို့ ဒေါက်တာမျိုးညွန့် က အတည်ပြုပြောကြားပါတယ်။

“ ဒါမျိုး အင်တာဗျူး မဖြေခဲ့ပါဘူး။အဲ့ဒါမျိုး ကျနော် မပြောပါဘူး။ တခြားသောနိုင်ငံရေးပါတီမျိုးက ဥပဒေနဲ့ မလွတ်ကင်းတာမျိုး ရှိလာရင်တော့ အထောက်အထားတွေ မှတ်တမ်းတင်ထာပေါ့ ။ဒါပဲပြောပါတယ်။ တုံ့ပြန်ဖို့ ၊သီချင်းတွေဖွင့်ဖို့ ဘယ်တုန်းကမှ ဘယ်ဌာနကိုမှ မပြောခဲ့ပါဘူးခင်ဗျာ။” လို့ ဒေါက်တာမျိုးညွန့် က ငြမ်းမီဒီယာ ကို ပြောပါတယ်။

ကျနော်တို့အဖွဲ့ချုပ်ရဲ့ရပ်တည်ချက်မူဝါဒတွေကိုအထူးသဖြင့် လူထုသိရှိအောင်ပဲပြောပါတယ်။မူဝါဒတွေကိုပြည်သူတွေသိရှိတယ်။လိုက်နာတယ်။မလုပ်သင့်တဲ့ရှောင်ကြဉ်ရမှာကို သိရှိအောင်ဒါတွေပဲပြောပါတယ်။ဘယ်အဖွဲ့အစည်းကိုမှ တိုက်ခိုက်ပြောဆိုမှုဘယ်တော့မှမလုပ်ပါဘူး လို့ ဒေါက်တာမျိုးညွန့်က ဆိုပါတယ်။

သီဟ အမည်ရ ဖေ့စ်ဘွတ်အကောင့်ဟာ သတင်းအမှားတွေ ဖြန့်ချိလေ့ရှိတဲ့ ဖေ့စ်ဘွတ်အကောင့် တစ်ခု ဖြစ်ပါတယ်။

” ကျနော်တို့ပြည်သူကိုသတင်းစကားတွေ ပါးနေတာနဲ့ပတ်သက်ပြီး အချက်အလက်မှန်တွေ ပြည်သူသိသွားမှာစိုးရိမ်နေတဲ့သူတွေ လည်းရှိပါတယ်။ဘာလို့လဲဆိုတော့ သတင်းအမှားတွေနဲ့ပြည်သူကို မှိုင်းတိုက်တဲ့သူတွေဟာ သတင်းအမှန်တွေပြည်သူတွေ သိသွားမှာစိုးလို့ သတင်းအမှားတွေနဲ့ သတင်းအမှန်ထုတ်ပြောနေတဲ့ ကျနော်တို့ကို ၊အဖွဲ့ချုပ်က တာဝန်ရှိသူတွေကို တိုက်ခိုက်တာပဲဖြစ်ပါတယ် ” လို့ ဒေါက်တာမျိုးညွန့် က ပြောပါတယ်။

ငြမ်းမီဒီယာ

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , ,