NLD အနိုင်ရ ကိုယ်စားလှယ် နှစ်ရာကျော် နုတ်ထွက်စာတင် ဆိုတဲ့ သတင်းအမှား ဖြန့်

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

ပဲလှော်ကြား ဆားမညပ်ချင်လို့ NLD အနိုင်ရ ကိုယ်စားလှယ် နှစ်ရာကျော် ဟာ မနေ့ညက နုတ်ထွက်စာတင်ခဲ့ပြီး နုတ်ထွက်တဲ့ အမည်စာရင်းမကြာမီ ထွက်လာမယ်ဆိုတဲ့ အကြောင်းအရာကို ရဲရင့် အမည်ရ ဖေ့စ်ဘွတ်အကောင့် က ဇန်နဝါရီ (၁၂) ရက်နေ့ က ဖြန့်ချိခဲ့ပါတယ်။ သည်နေရာမှာ ကြည့်နိုင်ပါတယ်။ web archive ကို  သည်နေရာမှာ ကြည့်နိုင်ပါတယ်။

ရဲရင့် အမည်ရ ဖေ့စ်ဘွတ်အကောင့် က ဖြန့်ချိထားတဲ့ အကြောင်းအရာကို(ပြည်ခိုင်ဖြိုး) USDP ချစ်သူများ GP၊ USDP ဂရု၊ အမျိုးစစ်သည် အမျိုးချစ်ကြမည် စတဲ့ ဖေ့စ်ဘွတ်ဂရုတွေထဲ ထပ်ဆင့်ဖြန့်ချိထားတဲ့ အပြင် တစ်ဦးချင်း ထပ်ဆင့်ဖြန့်ချိသူ၊ မှတ်ချက်ပေးသူ၊ React ပြုသူတွေ ရှိတာလည်း တွေ့ရပါတယ်။

ရဲရင့် အမည်ရ ဖေ့စ်ဘွတ်အကောင့် က ဖြန့်ချိထားတဲ့ NLD အနိုင်ရ ကိုယ်စားလှယ် နှစ်ရာကျော် နုတ်ထွက်စာတင် ဆိုတဲ့ အကြောင်းအရာဟာ သတင်းအတု၊ သတင်းအမှား သာဖြစ်တယ်လို့ NLD ပါတီ ဗဟိုပြန်ကြားရေးအဖွဲ့ ၊ အတွင်းရေးမှူး မုံရွာအောင်ရှင် က အတည်ပြု ပြောကြားပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

မဟုတ်ပါဘူးခင်ဗျာ။အဲ့ဒါတွေက တမင်ကို ဘာမှအခြေအမြစ်မရှိတဲ့ သတင်းတွေပါ။ အဲ့ဒါတွေ လုံးဝမဟုတ်ပါဘူး။ လကုန်ပြီး တစ်ရက်နေ့ပဲ လွှတ်တော်ခေါ်တော့မှာပါ။ ဒါတွေက လုံးဝမဖြစ်နိုင်ပါဘူး လို့ မုံရွာအောင်ရှင် က ပြောပါတယ်။

သည် အချက်တွေကို ကြည့်ခြင်းအားဖြင့် ရဲရင့် အမည်ရ ဖေ့စ်ဘွတ်အကောင့် က ဖြန့်ချိထားတဲ့ NLD အနိုင်ရ ကိုယ်စားလှယ် နှစ်ရာကျော် နုတ်ထွက်စာတင် ဆိုတဲ့ အကြောင်းအရာဟာ အများပြည်သူ ထင်ယောင်ထင်မှား ဖြစ်အောင် လုပ်ကြံဖြန့်ချိထားတဲ့ သတင်းအတု၊ သတင်းအမှား ဖြစ်တယ်ဆိုတာ သိနိုင်ပါတယ်။

အားလုံး ဘေးကင်းကျန်းမာကြပါစေ။

ငြမ်းမီဒီယာ


Share this post
  •  
  •  
  •  
  •  
  •  
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , ,