NLD အမတ်ကို ပြည်ခိုင်ဖြိုး ဦးသိန်းထွန်းဦး က ငွေပေး သတ်ခိုင်းသယောင် သတင်းအမှား ဖြန့်

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်ခံခဲ့ရတဲ့ ရှမ်းပြည်နယ်၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ်(၁) အနိုင်ရ ကိုယ်စားလှယ် ဦးထိုက်ဇော် ကို ပြည်ခိုင်ဖြိုး ဦးသိန်းထွန်းဦး က ငွေပေးသတ်ခိုင်းသယောင် အကြောင်းအရာကို Myanmar Life Channel YouTube စာမျက်နှာမှာ နိုဝင်ဘာလ (၂၄) ရက်နေ့က ဖြန့်ချိထားတာတွေ့ရပါတယ်။ သည်နေရာမှာ ကြည့်နိုင်ပါတယ်။

SS / Myanmar life Channel ယူကျူ စာမျက်နှာတွင် ဖော်ပြထားမှု

သည်အကြောင်းအရာကို ကြည့်ရှုသူ ခြောက်သောင်းကျော်ရှိပြီး ၊ မှတ်ချက်ပေးသူ နဲ့ React ပြုသူ တစ်ထောင့်ရှစ်ရာ ခန့် ရှိပါတယ်။

” NLD လွှတ်တော်အမတ် ဦးထိုက်ဇော်အား သိန်း ၁၂၅၀ပေးပြီး၊သတ်ခိုင်းတဲ့ နောက်ကွယ်က ကြိုးကိုင်သူ ဘယ်သူလဲ” ဆိုတဲ့ ခေါင်းစဉ်ပါ အကြောင်းအရာတွေဟာ Ko Sai အမည်ရ ဖေ့စ်ဘွတ်အကောင့်ကနေ ရေးသားဖြန့်ချိထားတဲ့ အကြောင်းအရာအမှားတွေနဲ့ ဦးထိုက်ဇော် အသတ်ခံရမှု နဲ့ ပတ်သက်ပြီး လူပုဂ္ဂိုလ်တစ်ယောက်က ပြောကြားထားတဲ့ ထင်မြင်ယူဆချက် ကို ရောစပ်ပြီး အများပြည်သူထင်ယောင်ထင်မှားဖြစ်အောင်ဖာ်ပြထားတာပဲ ဖြစ်ပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ဦးထိုက်ဇော် အသတ်ခံရမှု နဲ့ ပတ်သက်ပြီး လူပုဂ္ဂိုလ်တစ်ယောက်က ပြောကြားထားတဲ့ ထင်မြင်ယူဆချက်ထဲမှာလည်း ” NLD လွှတ်တော်အမတ် ဦးထိုက်ဇော်အား သိန်း ၁၂၅၀ ပေးပြီး သတ်ခိုင်းတယ်” ဆိုတဲ့ အကြောင်းအရာမျိုး လုံး၀ (လုံးဝ) မပါပါဘူး။

SS / ဦးသိန်းထွန်းဦး ၏ ဘလူးမတ်အမှတ်အသားပါ စာမျက်နှာတွင် ဖော်ပြထားချက်

” ဒီလို သတင်းအမှားတွေရေးတင်တဲ့ နိုင်ငံရေး အောက်လုံးထိုးမှုက ခေတ်ကုန်သွားပါပြီ ။ မူရင်း ပို့စ်ပိုင်ရှင်အောက်မှာ လိပ်စာပြောဖို့ Comment ပေးထားပါတယ်။ ဥပဒေကြောင်းအရ ဆက်လက်ဆောင်ရွက်သွားမယ် ” Sai အမည်ရ ဖေ့စ်ဘွတ်အကောင့်ကနေ ဖြန့်ချိထားတဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီး ပြည်ခိုင်ဖြိုးပါတီ ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဦးသိန်းထွန်းဦးက သူ့ရဲ့ ဘလူးမတ် အမှတ်အသားပါ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားထားပါတယ်။ သည်နေရာမှာ ကြည့်နိုင်ပါတယ်။

SS / NLD ပါတီ၏ ထုတ်ပြန်ကြေညာချက်

ဦးထိုက်ဇော် အား လုပ်ကြံသတ်ဖြတ်သူကို အရေးယူအပြစ်ပေးနိုင်ရေးအတွက် တာဝန်ရှိသူများက အမြန်ဆုံး ဖော်ထုတ်ပေးရန် NLD ပါတီက အလေးအနက်တိုက်တွန်းထားပါတယ်။  သည်နေရာမှာ ကြည့်နိုင်ပါတယ်။

ဦးထိုက်ဇော် အား လုပ်ကြံသတ်ဖြတ် ခံရမှုနဲ့ ပတ်သက်ပြီး စုံစမ်းဖော်ထုတ်ရန် ဖွဲ့စည်းထားတဲ့ အထူးအမှုစစ် အဖွဲ့ဟာ စစ်ဆေးမှုများပြုလုပ်နေပြီ ဖြစ်တယ်လို့ 7 Day သတင်းစာမှာ သည်နေ့ ဖော်ပြထားပါတယ်။ သည်နေရာမှာ ကြည့်နိုင်ပါတယ်။

ကျနော်တို့ကို မလိုလားတဲ့ အုပ်စုက လုပ်တာလို့ အကြမ်းဖျင်း ပြောလို့ရတယ်။ ကျနော်ဆို တပ်ကို ဝန်းရံတဲ့ အုပ်စုထဲမှာ ပါတယ်။ တွဲဖွတဲ့ အုပ်စုက ပြည်ခိုင်းဖြိုးကပေါ့။ တပ်နဲ့ပြည်ခိုင်ဖြိုးကို နာမည်ပျက်စေချင်တဲ့သူတွေက ဖွတာကို လုပ်တယ်လို့ အကြမ်းဖျင်းပြောရမှာပေါ့ လို့ စစ်တပ်ဝန်းရံသူ လို့ ဆိုရှယ်မီဒီယာမှာ လူသိများတဲ့ ဦးရဲမိုး က မှတ်ချက်ပြုပါတယ်။

” ပုဂ္ဂိုလ်ရေး မကျေနပ်ရင်လည်း လုပ်ကြတယ်။ နိုင်ငံရေး ရပ်တည်ချက်အရ တိုက်ခိုက်ချင်တာတို့ဆိုရင် လုပ်ကြတာမျိုးရှိတယ်။ လုပ်တာတော့ အကောင့်အတုတွေက လုပ်ကြတာပါ။ အကောင့်အတုတွေကလည်း ဘက်တိုင်းမှာ ရှိနေတော့ ဒါတွေက ထူးဆန်းတယ်လို့တော့ ပြောလို့ မရပါဘူး။ အဲဒီ သိန်း ၁၂၀၀vကိစ္စ က အားလုံးလည်း ပျံ့သွားပြီးဆိုတော့ ပြန်ဖျက်သွားတယ်။ ကျနော်ကတော့ seriously မဖြစ်ပါဘူး။ဘာဖြစ်လို့လဲဆိုတော့ ဒါတွေကအများကြီး ခဏခဏကြုံနေရတယ် ” လို့ သတင်းအမှား ဖြစ်စဉ်ထဲမှာ ထောက်လှမ်းရေးပြုတ် ရဲမိုး အဖြစ် ညွှန်းဆိုခံရသူ၊ စစ်တပ်ဝန်းရံသူ လို့ ဆိုရှယ်မီဒီယာမှာ လူသိများတဲ့ ဦးရဲမိုး က ပြောပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ဖေ့စ်ဘွတ် ပလက်ဖောင်းအပြင် YouTube လို ပလက်ဖောင်းမျိုးမှာ သတင်းအတု၊သတင်းအမှား ဖြန့်ချိသူတွေ အများအပြားရှိသလို သည်လို သတင်းအတု၊သတင်းအမှား ဖြန့်ချိနေတဲ့ YouTube စာမျက်နှာတွေ ဟာ ကြည့်ရှုသူ အရေအတွက် အပေါ်တည်ကာ ကြော်ငြာရရှိနေပါတယ်။ သည်လို အများပြည်သူကို အမှောင်ချ၊အဆိပ်ခတ်မှု ကနေ အကျိုးအမြတ် တွေ ရရှိနေတာ ကတော့ သက်ဆိုင်ရာတာဝန်ရှိသူတွေ အဖို့ အလေးအနက် စဉ်းစားရမယ့် အချက်ပဲ ဖြစ်ပါတယ်။ အားလုံး ဘေးကင်းကျန်းမာကြပါစေ။

ငြမ်းမီဒီယာ


Share this post
  •  
  •  
  •  
  •  
  •  
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , , , ,