NLD အမတ် ငွေကျပ်သိန်း (၇၀၀) ကိုယ်ကျိုးအတွက် သုံးစွဲ ဆိုတဲ့ သတင်းအမှား

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

NLD အမတ် ငွေကျပ်သိန်း (၇၀၀) ကိုယ်ကျိုးအတွက် သုံးစွဲ ဆိုတဲ့ သတင်းအမှား တစ်ပုဒ်အကြောင်း ပြောပြလိုပါတယ်။

သည်သတင်းအမှားကို တိုင်းကျော်သတင်း လို့ အမည်ရတဲ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာမှာ သြဂုတ်လ(၂၁) ရက်နေ့ က ဖြန့်ချိထားတာပါ။

တိုက်ပွဲရှောင်ပြည်သူတွေအတွက် လှူဒါန်းထားတဲ့ ငွေကျပ် သိန်း (၇၀၀) ကို ဖားကန့်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင့်စိုး က ကိုယ်ကျိုးအတွက် သုံးစွဲခဲ့တာကို NLD ပါတီဝင်တွေက ပါတီဗဟိုသို့ တိုင်ကြားခဲ့သော်လည်း အရေးယူတာ မရှိလို့ တိုင်းကျော်သတင်း(သည်နေရာမှာ ကြည့်နိုင်ပါတယ်) ကဖော်ပြထားပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

တိုင်းကျော်သတင်းဖော်ပြချက်နဲ့ ပတ်သက်ပြီး အချက်အလက်စစ်ဆေးရန် သြဂုတ်လ(၂၄) ရက်နေ့ က NLD ပါတီ၊ ဗဟို ရွေးကောက်ပွဲ အောင်နိုင်ရေးကော်မတီရဲ့ ပြောရေးဆိုခွင့် ရှိသူ ဒေါက်တာမျိုးညွန့် ထံ ငြမ်းမီဒီယာ က ဆက်သွယ်မေးမြန်းခဲ့ရာ ပါတီဗဟိုသို့ တိုင်ကြားစာ မရောက်သလို သည် အဖြစ်အပျက်ကို လည်း မသိဘူးလို့ ဒေါက်တာမျိုးညွန့် က အတည်ပြု ပြောကြားပါတယ်။

” ငွေကြေးအလွဲသုံးစားမှုကိစ္စနှင့် ပတ်သက်၍ ပါတီပြောရေး ဆိုခွင့်ရှိသူမှ ” အခုမှ ကပ်ပြီး တယောက်ပြီး တယောက် အရေးယူ ပြနေရင်ကျနော်တို့ ပါတီက လူထုယုံကြည်မှု ပိုကျဆင်းသွားမယ့်။ဒါ့ကိုချင့်ချိန်ပြီး လုပ်နေရတာ။မနာလိုလို့ တောပြော တောင်ပြော လုပ်နေတဲ့ ပါတီဝင်တွေလဲ ရှိတာပဲ။အဓိကက ကျနော်တို့ရွေးကောက်ပွဲ နိုင်ဖို့ပဲ” ဟု ပြောပါတယ်ဆိုတဲ့ တိုင်းကျော်သတင်း မှာ ဖော်ပြချက်နဲ့ ပတ်သက်ပြီး ဒေါက်တာမျိုးညွန့် က ငြင်းပယ်ပါတယ်။

” ကျနော်တို့ မပြောပါဘူး။ တိုင်ကြားစာကလည်း တက်ကို မလာတာပါ ” လို့ ဒေါက်တာမျိုးညွန့် က ပြောပါတယ်။

တိုင်းကျော်သတင်း ဖေ့စ်ဘွတ်စာမျက်နှာ ဟာ သတင်းအတု၊သတင်းအမှားတွေ တင်လေ့ရှိတဲ့ စာမျက်နှာ တစ်ခုဖြစ်ပါတယ်။

တိုင်းကျော်သတင်း စာမျက်နှာမှာ တင်ထားတဲ့ မူရင်းသတင်းအမှားကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

× တိုက်ပွဲရှောင်ပြည်သူများအတွက် လှူဒါန်းထားသည့် ငွေကျပ်သိန်း ၇၀၀ အား ၎င်းကိုယ်ကျိုးအတွက် သုံးစွဲခဲ့သည့် NLD လွှတ်တော်အမတ်အား NLDပါတီဝင်များက ပါတီဗဟိုသို့ တိုင်ကြားခဲ့သော်လည်း အရေးယူခြင်းမရှိ

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ရွေးကောက်ပွဲနီးမှ အရေးယူနေရပါက ပါတီပုံရိပ်ကျသွားနိုင်သည်ဟုပါတီပြောရေးဆိုခွင့်ရှိသူမှ ပြော

ဖားကန့်၊ သြဂုတ် ၂၀

ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်တုန်းက ဖားကန့်မြို့နယ်တွင် ဦးမင်းကိုနိုင်နှင့် ကျောက်မျက်ကုမ္ပဏီများမှ တိုက်ပွဲရှောင်ပြည်သူများအတွက် လှူဒါန်းထားသည့် ငွေကျပ်သိန်း ၇၀၀ အား ၎င်းကိုယ်ကျိုးအတွက် သုံးစွဲခဲ့သည်ဟုဆိုကာ NLDပါတီမှ လက်ရှိပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးတင်စိုးအား NLD ပါတီဝင်များက ပါတီဗဟိုသို့ လက်မှတ်ရေးထိုး တိုင်ကြားခဲ့သော်လည်း ရွေးကောက်ပွဲ နီးနေသည့်အတွက် NLDဗဟိုမှ အရေးယူသွားရန် မရှိကြောင်း သိရသည်။

၎င်းတိုင်ကြားမှုနှင့်ပတ်သက်၍ ဦးတင့်စိုးရဲ့ သားဖြစ်သူ စိုင်းသီဟတင့်စိုးမှ မကျေနပ်သောကြောင့် တိုင်းကြားသူ ပါတီဝင်များအား နေအိမ်အထိ သွားရောက်ဆဲဆိုသောင်းကျန်းခဲ့သောကြောင့်လုံးခင်းနယ်မြေရဲစခန်းတွင် ဝန်ခံကတိ လက်မှတ် ထိုးထား ရကြောင်း သိရသည်။

ငွေကြေးအလွဲသုံးစားမှုကိစ္စနှင့် ပတ်သက်၍ ပါတီပြောရေးဆိုခွင့်ရှိသူမှ ” အခုမှ ကပ်ပြီး တယောက်ပြီး တယောက် အရေးယူ ပြနေရင် ကျနော်တို့ ပါတီက လူထုယုံကြည်မှု ပိုကျဆင်းသွားမယ့်။ဒါ့ကိုချင့်ချိန်ပြီး လုပ်နေရတာ။မနာလိုလို့ တောပြော တောင်ပြော လုပ်နေတဲ့ ပါတီဝင်တွေလဲ ရှိတာပဲ။အဓိကက ကျနော်တို့ရွေးကောက်ပွဲ နိုင်ဖို့ပဲ” ဟု ပြောပါတယ်။

ဦးတင့်စိုးသည် လက်ရှိပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ဖြစ်ပြီး လာမည့်ရွေးကောက်ပွဲမှာ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အတွက် ဖားကန့်မြို့နယ်အမှတ် (၁) မဲဆန္ဒ နယ်မှ ဝင်ပြိုင်ရန် ရွေးချယ်ထားခြင်း ခံရသူဖြစ်သည်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

#တူးရိန်(ဖားကန့်)

#Photo… U Tint Soe Facebook ×

” အဲဒီသတင်းကို ကျနော်တွေ့ပါတယ်။ ဟုတ်မှမဟုတ်တာ ရှင်းမနေတော့ဘူး။ ရွေးကောက်ပွဲ ကာလဆိုတော့ တိုက်ခိုက်ကြတာပေါ့ ” လို့ ဖားကန့်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင့်စိုး ကသြဂုတ်လ(၂၄) ရက်နေ့မှာ ငြမ်းမီဒီယာ ကို ပြောပါတယ်။

” ၂၀၁၉ မှာ ကိုမင်းကိုနိုင် လည်း မလာဘူး။ တိုက်ပွဲလည်းမရှိဘူး။ ကျနော်ကတော့ ဖြေရှင်းမနေတော့ဘူး။သူတို့ဘာသာ သူတို့ လျောက်ရေးထားတာပါ ” လို့ ဦးတင့်စိုး က မှတ်ချက်ပြုပါတယ်။

ငြမ်းမီဒီယာ


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , ,