NLD အမှတ်တံဆိပ်ပါ MASK ကိစ္စဖြစ်သင့်ဖြစ်ထိုက်တာ စီစဉ်ပေးမည်

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

FB / NLD အမှတ်တံဆိပ်ပါ MASK ဝတ်ဆင်ထားသည့် လူငယ်များ

အခု ဒီ Mask ကို ပါတီ တံဆိပ်ရိုက်ပြီး ရောင်းရမယ်လို့ မညွှန်ကြားခဲ့ပါဘူး။ကျနော်တို့ ပြန်ကြားရေး ကော်မတီကလည်း ဒီကိစ္စကို ဘာမှ မသိပါဘူး။ ကျနော်တို့ လူကြီးတွေလည်း သိချင်မှသိမယ်။ သိရင်လည်း လူကြီးတွေက ဒီဟာကို တားလိမ့်မယ်လို့ ကျနော်ထင်တယ်။။ အခုဟာကတော့ ဒေသတစ်ခု၊ ရပ်ကွက်တစ်ခု၊ မြို့နယ်တစ်ခုခုက ဒါကို လုပ်တယ်လို့ ကျနော်ထင်တယ်။

UTM FB/ ဆေးဖက်ဆိုင်ရာဝန်ထမ်းများနှင့် အန်အယ်ဒီ လွှတ်တော်ကိုယ်စားလှယ်တစ်ဦး

လူကြီးတွေကို ပြောပြီး ဒီကိစ္စကို ဖြစ်သင့် ဖြစ်ထိုက်တာ ဖြစ်အောင် ကျနော်တို့ စီစဉ်ပေးပါ့မယ်။ ကျနော်အနေနဲ့ဆိုရင်တော့ ဒီလို Mask ထုတ်တာကို လက်မခံပါဘူး။ ဒီMASK က လုံခြုံစိတ်ချရတဲ့ဟာ မဟုတ်ဘူး။ ဒီ MASK ကို ဘယ်မြို့နယ်၊ ဘယ်ရပ်ကွက် ထုတ်တယ်ဆိုတာ ကျနော်တို့ မသိဘူး။ ဒါပေမယ့် ကျနော်မြင်တာက NLD တံဆိပ် တပ်ထားတယ်။ အနီရောင်လုပ်ထားတယ်။ အဲဒါကို ကျနော်တို့ အနေနဲ့ လုံးဝလက်မခံဘူး။ အားလုံးမြင်တဲ့အတိုင်းပဲ ဒါက ကျန်းမာရေးအရ လုံခြုံစိတ်ချရတဲ့ MASK မဟုတ်ဘူး။ ဒါတွေကို ဆက်မလုပ်ဖို့ ကျနော်တို့တားမှာပါ။

မုံရွာအောင်ရှင်( ပြန်ကြားရေးကော်မတီဝင်)

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

 


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , ,