Project K ကိုအကြောင်းပြုပြီး နိုင်ငံရေးအရ တိုက်ခိုက်တဲ့ ကစားကွက်ပဲ

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

ဆရာတော် / Project K / ရန်ကင်းတောင်ဆရာတော် (အပေါ်)၊ ဒေါ်အောင်ဆန်းစုကြည်နှင့် Project K အဖွဲ့

တောင်ကိုရီးယားနိုင်ငံမှာ သွားရောက်ဖျော်ဖြေခဲ့တဲ့ Project K အဖွဲ့ကပြဖျော်ဖြေမှုမှာ ရွှေတိဂုံစေတီတော်ပုံရိပ်ကို အသုံးပြုမှုမှာ ဖြစ်ပေါ်ခဲ့တဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေ ရှိနေပါတယ်။ ဒါ့အပြင် ဒီကိစ္စကို အခြေခံပြီး ဘာသာရေးနဲ့ပတ်သက်တဲ့ သတင်းတု၊ သတင်းမှားတွေဟာလည်း လူမှုကွန်ရက်မှာ ပျံ့နှံ့နေပါတယ်။ ဒီအခြေအနေတွေနဲ့ပတ်သက်လို့ အရှင်ပညိဿရာလင်္ကာရ (ရန်ကင်းတောင်ဆရာတော်)ကို ငြမ်းမီဒီယာ က လျောက်ထားခဲ့ပါတယ်။

ငြမ်းမီဒီယာ – Project K ဖြစ်သွားတဲ့ကိစ္စကို အရှင်ဘုရားရဲ့အမြင်ဘယ်လိုရှိသလဲဆိုတာ မိန့်ကြားပေးပါခင်ဗျ။

ဆရာတော် – Project K ကိစ္စက သူတို့လည်း ရှင်းပြထားတာတွေ။ လိုင်းပေါ်တက်တဲ့ သတင်းတွေနားထောင်ကြည့်တယ်။ အဘက်ဘက်က သုံးသပ်ကြည့်တယ်။ ဒီကလေးတွေရဲ့အဓိက၊ ရည်ရွယ်ချက်၊စေတနာ ဒါတွေကိုလည်း မြင်အောင်ကြည့်ရမှာပေါ့။သေချာတာကတော့ ဒီကလေးတွေက ရိုးသားမှုရှိတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

သူတို့ဖြစ်သွားတဲ့ ကိစ္စကိုလည်း အကျိုးအကြောင်း ရှင်းပြပြီး သူတို့က တာဝန်ယူမှုရှိရှိနဲ့ ရိုးရိုးသားသား တောင်းပန်ထားတယ်ပေါ့။ အဲ့ဒါကိုက သဘောကျ စရာအချက်။ ဒါကို ဒီလိုစဉ်စားရမယ်။ သူတို့လည်း ရှင်းပြထားပါတယ်။ ကိုရီးယားရောက်တဲ့အခါမှာ အစမ်းလေ့ကျင့်ခန်းတွေလုပ်တယ်။ နေ့ခင်းဘက်ဖြစ်တော့ စလိုက်မီးတွေ ထွန်းပြပေမယ့် နေ့ခင်းဘက်ဖြစ်တော့ ပုံရိပ်ကိုကောင်းကောင်း မမြင်တွေ့လိုက်ဘူး။ အဲဒီတော့ ညဘက်ဖျော်ဖြေတဲ့ အခါမှာ ပုံရိပ်တွေထိုးပြတဲ့အခါမှာလည်း တီးကွက်တွေ၊ ကကွက်တွေ၊ သီချင်းတွေ ဒါတွေ အာရုံပြုရမှာ။ပြီးတော့ စတိတ်စင်ကလည်း တော်တော်ကျယ်တယ် ပြောပါတယ်။အဲ့တော့ သူတို့ကနေတဲ့ အခါမှာ ရုတ်တရက်မသိလိုက်ဘူးပေါ့။နာလည်းမှုလွဲတာလည်း ပါပါတယ်။

အချိန်ကိုက် ကြိုပို့ယာဉ်တွေနဲ့လေဆိပ် ရောက်အောင် ခေါ်လာပြီး ဒီလိုအချိန်ကိုက်ဆန္ဒပြတယ်ဆိုတာ မဆီမဆိုင်ဒေါ်အောင်ဆန်းစုကြည်ကို စွဲပြီးပုတ်ခတ်တာရော၊ အမျိုးသားရေးမှာ ဆန္ဒပြနေတဲ့ …

ကိုရီးယားက အဖွဲ့တွေက မြန်မာ့ယဉ်ကျေးမှု မြန်မာ့အဖွဲ့တွေက မြန်မာ့ဘာသာရေး ဓလေ့ထုံးထမ်းတွေက သူတို့ သိပ်ပြီး နားလည်းပုံ မရပါဘူး။ သူတို့ကတော့ မြန်မာအထင်ကရ ပုံရိပ်တွေနဲ့ ရွှေတိဂုံစေတီတော်ပုံရိပ် စသဖြင့် နိုင်ငံပုံရိပ်တွေကို သူတို့လုပ်ရိုးလုပ်စဉ်အတိုင်း ထိုးပြတာဖြစ်ပါလိမ့်မယ်။

သူတို့ဘုရားပုံတော်ထိုးထားတဲ့ အောက်ခံကြမ်းပြင်မှာ LED မီးစလိုက်တွေ ဘုရားပုံတော်တွေထိုးပြတဲ့အပေါ်မှာ ကပြတဲ့အနေအထားဖြစ်တာပေါ့။ရိုးရိုးသားသားပြောရရင် ဘုရားပုံတော်မှာ ကခုန်တာမျိုးက သာမှန်အနေအထားမျိုးက အဂါရဝ ဖြစ်တယ်လို့ပြောကြတာပေါ့။ သို့သော် မှားတာကိုလည်း သူတို့က ရိုးရိုးသားသား တောင်းပန်တယ်။ပြီးတော့ သူတို့က ရည်ရွယ်ချက်ရှိရှိ စော်ကားလိုစိတ်နဲ့ လုပ်တာမဟုတ်ဘူး။ ဦးဇင်းတို့က သိပ်ဆိုးကျိုးကြီးကြီးကြီး ကျယ်ကျယ်မရှိဘူး။ ဒီလိုပဲမြင်ပါတယ်။

ငြမ်းမီဒီယာ – သူတို့ရန်ကုန်ပြန်ရောက်တဲ့ အချိန်မှာ လူတစ်စုက ရန်ကုန်လေဆိပ်မှာ ဆန္ဒထုတ်ဖော်ကြတာရှိတယ်။အဲဒီအပေါ် အရှင်ဘုရားဘယ်လို့မြင်ပါသလဲ။ အရှင်ဘုရားမိန့်ကြားချက်လေး သိပါရစေ။

ဆရာတော်– ဒကာတော်ရေ ဒီကိစ္စနဲ့ပတ်သက်ပြီး ဆန္ဒပြတယ်ပေါ့။ဦဇင်းအမြင်ကတော့ ဆန္ဒပြတဲ့အဆင့်ထိ ရောက်လာတာကတော့ နည်းနည်းထူးဆန်းနေတယ်ပေါ့။ဘာကြောင့်လည်းဆိုတော့ ဦးဇင်းတို့ ဒီရွှေတိဂုံဘုရားပုံရိပ်ကို အပေါ်ကနေ တက်နင်းမိသလိုဖြစ်သွားတဲ့ ကကွက်ကို ဆန့်ကျင်တာ၊ ဘာသာရေးသာသနာရေးအမြင်နဲ့ ဝေဖန်တာ လက်ခံပါတယ်။အမြင်အမျိုးမျိုး ရှိမှာပေါ့။ ဘာသာ၊ သာသနာကို တစ်ကယ်ချစ်တဲ့စိတ်နဲ့ ရွှေတိဂုံဘုရား ပုံတော်ပေါ်မှာ တက်နင်းတဲ့ အဂါဝရ ဖြစ်မှုမျိုး နောက်နောင်မဖြစ်စေဖို့သာသနာ ချစ်စိတ်နဲ့ဝေဖန်တာမျိုး၊ထောက်ပြတာမျိုး၊ကန့်ကွက်တာမျိုး ဦးဇင်းက လက်ခံပါတယ်။

ဒီကိစ္စကို ကြည့်တဲ့အခါမှာ မရိုးသားတဲ့အချက်တွေတော်တော်လေးတွေ့ရပါတယ်။ဦးဇင်းတို့ လိုင်းပေါ်မှာ စပျံ့ကတည်းက မဆီမဆိုင်လက်ပံပင်ဓားနဲ့ချိုင်ပေါ့။ဒေါ်အောင်ဆန်းစုကြည်ကို ဆွဲထည့်ထားပြီးလုပ်ကြံ လိမ်ညာထားတဲ့ သတင်းတွေနဲ့ ပွဲဆူအောင် လုပ်ချလိုက်တာ။ ဒေါ်အောင်ဆန်းစုကြည်က မင်းတို့ ကလေးတွေ ပုံတော်ပေါ်မှာ ကတာ တစ်ကယ့်စေတီပေါ်မှာ ကတာ မဟုတ်ဘူး။ ပုံပေါ်မှာ စလိုက်မီးပေါ်မှာနင်းတာ ဘာမှ အပြစ်မရှိဘူး။အားပေးတဲ့ သဘောမျိုး ဒေါ်အောင်ဆန်းစုကြည်က မပြောဘဲနဲ့ ပြောတယ်ဆိုပြီးလိမ်ညာပြီး သတင်းတွေ ဖြန့်ကြတာပေါ့။အဲဒီဟာကလည်း မရိုးသားတဲ့ အချက်ကြီးပေါ့။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

အဲဒီတော့ ဒီကလေးတွေက သူတို့အရင်နှစ်ကလည်း ကိုရီးယားမှာ ဆုတွေရဖူးတယ်ပြောပါတယ်။အဲဒီလို ရဖူးတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်က လူငယ်တွေရဲ့သူတို့ရဲ့တီတွင်ဆန်းသစ်ချင်တဲ့စိတ်၊လူငယ်တွေကိုမြေတောင်မြှောက်ပေးတဲ့ အနေနဲ့ သူအိမ်ကိုခေါ်ပြီး သူကနေမှ ဂုဏ်ပြုတယ်။အားပေးစကားပြောတယ်။ဂုဏ်ပြုတယ်။ဒီကိစ္စမှာ ရိုက်ထားတဲ့ပုံနဲ့ ခုဖြစ်တဲ့ ကိစ္စမှာ တွဲဖက်အသုံးချပြီး ဒေါ်အောင်ဆန်းစုကြည်မှာ ပြည်သူတွေ ထင်ယောင်ထင်မှားဖြစ်အောင်လုပ်ကြတာပဲ။

ဒီလို လိမ်ညာတာမျိုးကို ဦးဇင်းကတော်တော်ကို ဘဝင်မကျဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ ဒီမုသာဝါဒတွေကြောင့် ဒီတိုင်းပြည်က တည်ငြိမ်မှုတွေပျက်ပြီး စိတ်ဆင်းရဲ၊ကိုယ်ဆင်းရဲတွေဖြစ်ရတယ်။နောက်တစ်ခုက ရန်ကုန်မှာ ဆန္ဒပြတယ်ဆိုတဲ့အဖွဲ့တွေက ဒီအဖွဲ့တွေက ခါတိုင်း အမျိုးသားရေးကိစ္စတွေနဲ့ အနယ်နယ်အရပ်ရပ်မှာ ဆန္ဒပြနေတဲ့ ပွဲတွေမှာ လိုက်ပြနေတဲ့ မျက်နှာတွေပဲဖြစ်နေတယ်။ နောက်ပြီးတော့အမျိုးသားရေးကိစ္စဆောင်ရွက်နေတဲ့ ပုဂ္ဂိုလ်တွေ၊ နောက်တွေ့နေကြမျက်နှာတွေ၊ ဒီလုပ်နေကြပုဂ္ဂိုလ်တွေက ဦးဆောင်ပြီးလုပ်တယ်ဆိုတော့ ဦးဇင်းတို့က စဉ်စားရတာပေါ့။သွေးရိုးသားရိုး လူတွေ မဟုတ်ဘူးပေါ့။ နောက်ပြီးတော့လည်း ဒီဆန္ဒပြတဲ့သူတွေကြည့်လိုက်တော့လည်း Project K ဆိုတဲ့ အဖွဲ့ကိုသူတို့ ကြားဖူးမှာ မဟုတ်ဘူး။ တချို့ ဆန္ဒပြတဲ့ဆိုင်းဘုတ်တွေဆိုသူတို့ Project K ဆိုတဲ့နာမည်ကိုတောင်မှားပြီး ရေးထားတာတွေ့ပါတယ်။

ဒီလိုပုဂ္ဂိုတွေကို အချိန်ကိုက် ကြိုပို့ယာဉ်တွေနဲ့လေဆိပ် ရောက်အောင် ခေါ်လာပြီး ဒီလိုအချိန်ကိုက်ဆန္ဒပြတယ်ဆိုတာ မဆီမဆိုင်ဒေါ်အောင်ဆန်းစုကြည်ကို စွဲပြီးပုတ်ခတ်တာရော၊ အမျိုးသားရေးမှာ ဆန္ဒပြနေတဲ့ပုဂ္ဂိုလ်တွေက ဦးဆောင်တာရော ဒီအချက်တွေကိုထောက်ကြည့်ရင် ဒါဟာ Project K ကိုအကြောင်းပြုပြီးနိုင်ငံရေးအရ တိုက်ခိုက်တဲ့ ကစားကွက်ပဲ။ ဒီလိုပဲနားလည်းပါတယ်။

တောင်းပန်နေပါလျှက်နဲ့ ဒါကို နင်းခြေဖို့ ကြိုးစားမယ်၊ ဒါကို ဖိနှိပ်ဖို့ကြိုးစားမယ်၊ ဒါကို မခွင့်လွတ်ဘူး၊ သည်းမခံဘူးဆိုရင် အဲ့ဒါဟာ လူမိုက်လို့ပဲပြောရမှာပဲ။ ဒါကြောင့် …

ငြမ်းမီဒီယာ – ဒီကိစ္စကို အကြောင်းပြုပြီး မလိုလားအပ်တဲ့ လှုံ့ဆော်နေမှုတွေ၊ သွေးထိုးနေမှုတွေကို အရှင်းဘုရားအနေနဲ့ ဘာများမိန့်ကြားချင်သလဲ။လူထုအနေနဲ့ဘယ်လို့ သတိပြုသင့်ပါသလဲ အရှင်ဘုရား။

ဆရာတော် – Project K ကိစ္စပဲဖြစ်ဖြစ်၊ ရွေးကောက်ပွဲနီးလာတာနဲ့အမျှ ဒီပြဿနာသေးတာကို ကြီးအောင် ဇာချဲ့ပြီး တစ်စိတ်ကို တစ်အိတ်လုပ်မယ့် ကိစ္စတွေနောက်လည်း ကြုံ ဦးမှာပါ။ ရွေးကောက်ပွဲနီးလာတာနဲ့အမျှ ဝါဒမှိုင်းတွေနဲ့ပြည်သူတွေကို ထင်ယောင်ထင်မှားဖြစ်အောင် လုပ်ကြဦးမှာပါ။

အဲဒီတော့ ဦးဇင်းမြင်တာကတော့ ဦးဇင်းတို့နိုင်ငံမှာ တချို့ပုဂ္ဂိုလ်တွေက နိုင်ငံရေးလုပ်တဲ့အခါမှာ နိုင်ငံရေးကို ရိုးရိုးသားသားနဲ့ နိုင်ငံရေးမူဝါဒတွေချပြပြီး ပြည်သူကိုစည်းရုံးဖို့၊ ချပြဖို့ မကြိုးစားဖူးဘူး။ နိုင်ငံရေးလမ်းစဉ်၊ နိုင်ငံရေးမူဝါဒတွေကို ချပြဖို့ သူတို့မှာ လမ်းစဉ်မရှိကြဘူး။မရှိတဲ့ အခါကြတော့ သူတို့က နိုင်ငံရေးကို အောက်လမ်းနီး သုံးပြီး တခြားသော ပါတီတွေကို ပြည်သူတွေထင်ယောင်ထင်မှားဖြစ်အောင် နိုင်ငံရေးတွေ၊ အဖွဲ့အစည်းတွေကို ပြည်သူတွေအထင်အမြင်လွဲမှားအောင် ဒေါ်အောင်ဆန်းစုကြည်ကို တိုက်ခိုက်သလို ဝါဒမှားတွေ၊ သတင်းမှားတွေနဲ့တိုက်ခိုက်ကြမယ်။ လုပ်ကြံကြမယ်။ ဒါမျိုးတွေပေါ့။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ဒေါ်အောင်ဆန်းစုကြည်မပြောပါဘဲ ပြောပါတယ်ဆိုပြီး လိမ်ညာပြောခဲ့တဲ့ သတင်းဆိုရင် တချို့က မသိလို့ လိုက်ဖြန့်တာတွေနဲ့ အများကြီး လိုင်းပေါ်လိုက်ဖြန့်နေတာ။ တချို့က သိသိနဲ့ယုတ်မာစိတ်ထားနဲ့ကောက်ကျစ်တာတွေ …

ဦးဇင်းတို့ သတိပေးလိုတာကတော့ ပြည်သူတွေ က သတိကြီးကြီးထားရမယ်ပေါ့။ သတင်းတစ်ခုတက်လာရင် ဒီခိုင်လုံတဲ့ သတင်းဌာနတွေကနေ တရားဝင်ကြေညာထားတာမျိုး ရှိမရှိ၊ ပြီးတော့ ဒီသတင်းတစ်ခုဟာ ယုတ္တိရှိမရှိ သဘာဝကျ၊ မကျ ဖြစ်နိုင်၊ မဖြစ်နိုင် ကိုယ့်ကိုယ်ပိုင်ဉာဏ်နဲ့ လေ့လာဆန်းစစ်ပြီးမှ လက်ခံယုံကြဖို့ သတိပေးချင်ပါတယ်။

ဒီကိစ္စမှာ Project K ဖြစ်သွားတဲ့ ကိစ္စဆိုရင် သင်ခန်းစာယူတတ်မယ်ဆိုရင် ဦးဇင်းတို့အတွက်သင်ခန်းစာတွေ အများကြီးရပါတယ်။ဘာကြောင့်လဲဆိုတော့ Project K ကိုရီးယားမှာ ဖြစ်တဲ့ကိစ္စဟာကိုရီးယားကပွဲစီစဉ်သူတွေရဲ့ နားလည်မှုလွဲမှားမှုကြောင့် ချွတ်ချော်ပြီးဖြစ်သွားတဲ့ဟာ။ဒီကိစ္စလေးကို သူတို့က တစ်စိတ်ကို တစ်အိတ်လုပ်ပြီး ပြဿနာ မကြီး ကြီးအောင် ဆွဲချဲ့လိုက်တာ။

သူတို့က ဒါကိုနိုင်ငံရေးကစားကွက်အနေနဲ့ ကစားချင်တာ။ လုပ်ဆောင်ချက်တွေကို သတိထားဖို့ ဦးဇင်းတို့ သင်ခန်းစာယူရမှာ။နောက်တစ်ချက်က ဒေါ်အောင်ဆန်းစုကြည်မပြောပါဘဲ ပြောပါတယ်ဆိုပြီး လိမ်ညာပြောခဲ့တဲ့ သတင်းဆိုရင် တချို့က မသိလို့ လိုက်ဖြန့်တာတွေနဲ့ အများကြီး လိုင်းပေါ်လိုက်ဖြန့်နေတာ။ တချို့က သိသိနဲ့ယုတ်မာစိတ်ထားနဲ့ကောက်ကျစ်တာတွေလည်းအများကြီးရှိတယ်။

အဲဒီလို လုပ်ဆောင်ကြတဲ့အခါမှာ ဦးဇင်းတို့ တိုင်းသူပြည်သားတွေက အလိမ်အညာ၊မုသာဝါဒသတင်းတွေ၊ဂျင်းသတင်းတွေမှာ မှိုင်းမမိအောင် သတိကြီးကြီးထားပြီး ယုံကြည်ကြဖို့လက်ခံကြဖို့ ဦးဇင်းသတိပေးချင်ပါတယ်။

ငြမ်းမီဒီယာ– Project K အဖွဲ့က စာထုတ်ပြီး တောင်းပန်ထားပါတယ်။ဒီတောင်းပန်စာအပေါ် ဗုဒ္ဓဘာသာ ရဟန်းတော်တစ်ပါး အနေနဲ့ ဒီတောင်းပန်စာ အပေါ် ဘယ်လို သဘောထားရှိလဲဆိုတာ မိန့်ကြားပေးပါဦး။

ဆရာတော်– ဦးဇင်းတို့ အလုပ်တစ်ခုလုပ်တဲ့ အခါရည်ရွယ်ချက်ဆိုတာ ရှိတယ်။ အဲဒီလို ရည်ရွယ်ချက်ကောင်း မကောင်းပေါ်မှာလည်း ဦးဇင်းတို့ က ကြည့်ရမယ်။ နောက်သူတို့ရဲ့ စေတနာပေါ့။ ဒီကလေးတွေကသွားကတည်းကိုက သူတို့ရဲ့ရည်ရွယ်ချက်က မြန်မာ့ယဉ်ကျေးမှုအက၊အလှတွေကို ကမ္ဘာ ကိုသိအောင်ပြမယ် စေတနာပေါ့။ ကိုရီးယားမှာ K POP အနုပညာက ကမ္ဘာကို ထိုးဖောက်နိုင်ပြီပေါ့။

ကိုယ့်အပြစ်ကိုယ်သိပြီး တောင်းပန်မယ်ဆိုရင်လည်း တစ်ဖက်က ပုဂ္ဂိုလ်တွေက ခွင့်လွှတ်သင့်သည့် အလျှောက် ခွင့်လွှတ်ရမယ်။ အဲ့ဒါသူတော်ကောင်းပဲ။ …

ဒီ ကိုရီးယား အနုပညာကို မှီပြီး ကိုယ့်ရဲ့မြန်မာ့အနုပညာကို မြန်မာအက၊အလှတွေ၊ မြန်မာ့ရုပ်သေးအကအလှတွေကို ကမ္ဘာကိုသိအောင် ငါတို့ထိုးဖောက်ကြမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့။ သူတို့ရည်ရွယ်ချက်ကနိုင်ငံအတွက် လုပ်ဆောင်ကြတာဖြစ်တယ်။ ရည်ရွယ်ချက်ကောင်းတွေကို ဦးဇင်းတို့က သတိပြုရမယ်။နောက်ပြီးတော့ သူတို့သည် ဆောင်ရွက်တဲ့အခါမှာလည်း သူတို့က ပြောသလိုပေါ့ မြန်မာနိုင်ငံရဲ့ပုံရိပ်ကိုပြတဲ့အခါမှာ စတိတ်စင်တစ်ခုလုံးနောက်က နောက်ခံပတ်ပတ်လည်ရော ဘေးပတ်ပတ်လည်ရော အကုန်ပြတယ်။ အဲဒီမှာ ကိုရီးယားပွဲစီစဉ်သူတွေက နားမလည်တဲ့အတွက်ကြောင့် အောက်ခံ စတိတ်စင်ကို သူတို့က စလိုက်မီး ထိုးလိုက်တာ။ဒီကလေးတွေကလည်း သူတို့က ရည်ရွယ်ချက်ရှိရှိနဲ့စော်ကားတာမျိုးမဟုတ်ဘူး။ စေတနာဆိုးနဲ့ဆောင်ရွက်တာမျိုး မဟုတ်ဘူး။

ဒါတွေတင်မကဘူး ပြည်သူတွေက ထောက်ပြဝေဖန်တဲ့ အခါမှာ သူတို့က တာဝန်ယူမှု၊တာဝန်ခံမှုရှိရှိနဲ့သူတို့က အကျိုးအကြောင်းကိုလည်း သူတို့က ပြေလည်အောင်ရှင်းပြတယ်။ ရိုးသားစွာနဲ့ သူတို့မှားသွားတဲ့အကြောင်း၊ မိဘပြည်သူတွေ စိတ်ဆင်းရဲသွားမှာဖြစ်တဲ့အတွက် အနူးအညွှတ်တောင်းပန်တဲ့ အကြောင်း၊ နောက်ပြီးတော့လည်း နောက်နောင် ဒီလိုမဖြစ်စေရပါဘူးလို့ ဆိုပြီး ပေးလိုက်တဲ့ ကတိ ဦးဇင်းအကြိုက်ဆုံးပဲ။ ဦးဇင်းတို့ မြတ်ဗုဒ္ဓရဲ့လမ်းစဉ်ပေါ့ ။ မြတ်ဗုဒ္ဓရဲ့ အဆုံးအမ ကို က ဒီ တရားတော်တွေထဲမှာ မေတ္တာ ထားရမယ်၊ ခန္တီ သည်းခံ ရမယ်ဆိုတဲ့ သဘောတရားတွေက မြောက်များစွာ ဟောထားတယ်။ဘုရား ဒေသနာ တစ်ခုမှာ ဒီကိစ္စနဲ့ပတ်သက်ပြီး သတိထားဖို့ကောင်းတယ်ပေါ့။

အနူးအညွတ်တောင်းပန်ပါလျှက်နဲ့ တဖက်က ဒါကို ဖိနင်းဖို့ကြိုးစားရင်မြတ်စွာဘုရားရဲ့တရားဒေသနာတော်အရဆိုရင် အဲ့ဒီ ပုဂ္ဂိုလ်လူမိုက်ပဲ။ တောင်းပန်တာလည်း၊တောင်းပန်သင့်သည့်အလျှောက် သဘောထားကြီးကြီးနဲ့ ခွင့်လွှတ်ရမယ်။နားလည်ပေးရမယ်။ ဒီ …

အဲဒီတော့ လူတစ်ယောက်ဟာ ကိုယ့်အပြစ်ကိုယ် သိမယ်ဆိုရင် အဲ့ဒါပညာရှိ၊ သူတော်ကောင်းပဲ။နောက်ပြီးတော့ ကိုယ့်အပြစ်ကိုယ်သိပြီး အဲဒီအပြစ်ကို တောင်းပန်မယ်။ ဝန်ချမယ်ဆိုရင် အဲ့ဒါလည်း သူတော်ကောင်းပဲ။နောက်တစ်ချက် ကိုယ့်အပြစ်ကိုယ်သိပြီး တောင်းပန်မယ်ဆိုရင်လည်း တစ်ဖက်က ပုဂ္ဂိုလ်တွေက ခွင့်လွှတ်သင့်သည့် အလျှောက် ခွင့်လွှတ်ရမယ်။ အဲ့ဒါသူတော်ကောင်းပဲ။ ကိုယ့်အပြစ်ကိုယ်သိမှ သူတော်ကောင်း၊ ကိုယ့်အပြစ်ကိုယ်သိပြိးတောင်းပန်ရင်လည်း သူတော်ကောင်း။ အဲ့ဒီလိုတောင်းပန်တဲ့ အခါမှာလည်း သည်းခံနိုင်ရမယ်။ ခွင့်လွှတ်နိုင်ရမယ်။ ခွင့်လွှတ်ရမယ်။ သည်းခံရမယ်။ အဲ့ဒါမှ သူတော်ကောင်းလက္ခဏာနဲ့ညီတယ်။ ပညာရှိသူတော်ကောင်းလို့ ဆိုရမယ်လို့ မြတ်စွာဘုရားက ဟောထားတာ။

အဲဒီတော့ ဦးဇင်း ပြောလိုတာက ပြည်သူတွေ ဒါယိကာ၊ ဒါယိကာမတွေကို ဦးဇင်းသတိပေးချင်တာက ပုထုဇဉ်တွေ ဆိုတာ အမှားအယွင်း အနည်းနဲ့အများ ရှိကြမှာပဲ။ အဲဒီလို ရှိတဲ့အခါမှာ ကိုယ့်အားနည်းချက်ကို သုံးသပ်ပြီး ကိုယ့်အားနည်းချက်၊ ကိုယ့်အပြစ်ကို နားလည်းကြိုးစားဖို့ က နံပါတ်တစ်။ ကိုယ့်အပြစ်ကိုယ်သိရင် ရိုးရိုးသားသားဝန်ခံဖို့၊ တောင်းပန်းဖို့ ဒါဟာ ဒုတိယအချက် အရေးကြီးဆုံးပဲ။ အဲဒီလို ကိုယ့်အပြစ် ကိုယ်သိလို့ တောင်းပန်မယ်၊ ဝန်ခံမယ်ဆိုရင် သူတော်ကောင်းလက္ခဏာဖြစ်တယ်။ကြီးပွားကြောင်းတိုးတက်ကြောင်းဖြစ်တယ်။ အဲဒီလို ကိုယ့်အပြစ်ကိုယ်မသိဘူး။ သိရဲ့သားနဲ့ ပြန်မတောင်းပန်ဘူးဆိုရင် အဲ့ဒါ မြတ်စွာဘုရားက လူမိုက်လို့ဟောတာ။ နောက်တစ်ချက်က အဲဒီလို တောင်းပန်တဲ့ ပုဂ္ဂိုလ်ကနောက်တစ်ဖန် မဖြစ်စေရပါဘူးလို့ အနူးအညွတ်တောင်းပန်ပါလျှက်နဲ့ တဖက်က ဒါကို ဖိနင်းဖို့ကြိုးစားရင်မြတ်စွာဘုရားရဲ့တရားဒေသနာတော်အရဆိုရင် အဲ့ဒီ ပုဂ္ဂိုလ်လူမိုက်ပဲ။ တောင်းပန်တာလည်း၊တောင်းပန်သင့်သည့်အလျှောက် သဘောထားကြီးကြီးနဲ့ ခွင့်လွှတ်ရမယ်။နားလည်ပေးရမယ်။ ဒီပုဂ္ဂိုလ်တွေအတွက် ပြုပြင်ခွင့်တွေ ကြိုးစားခွင့်တွေပေးရမယ်။ဘဝတက်လမ်းတွေနှိမ်ချသလိုမဖြစ်အောင် ၊ ဘဝတက်မယ့်အညွှန့်အတက်တွေ ဒါကို ရိုက်ချသလိုမဖြစ်အောင်ဒါတွေကိုခွင့်လွှတ်ရမယ်။ခွင့်လွှတ်မှလည်းသူတော်ကောင်းပညာရှိလို့ခေါ်ပါတယ်။

အဲဒီတော့ ဒီလိုတောင်းပန်နေပါလျှက်နဲ့ ဒါကို နင်းခြေဖို့ ကြိုးစားမယ်၊ ဒါကို ဖိနှိပ်ဖို့ကြိုးစားမယ်၊ ဒါကို မခွင့်လွတ်ဘူး၊ သည်းမခံဘူးဆိုရင် အဲ့ဒါဟာ လူမိုက်လို့ပဲပြောရမှာပဲ။ ဒါကြောင့် သူတို့အပြစ်ကိုသူတို့သိပြီး ပြည်သူကို အကျိုးအကြောင်းရှင်းပြပြီး တောင်းပန်တာကို ဦးဇင်းက သဘောကျတယ်။လက်ခံတယ်။အားလည်းပေးတယ်။ဘာကြောင့်လဲဆိုတော့ လူငယ်တွေ ကိုယ့်နိုင်ငံ့ဂုဏ်ဆောင်ဖို့ ကြိုးစားကြတဲ့လူငယ်တွေ၊ အနုပညာ ကဏ္ဍမှာပဲဖြစ်ဖြစ်ဦးဇင်းတို့ စာပေ၊ကဗျာ၊ သိပ္ပံပညာ ကဏ္ဍမှာပဲဖြစ်ဖြစ် ၊အားကစား ကဏ္ဍမှာပဲဖြစ်ဖြစ် ဒီလိုတိုးတက်တဲ့အမြင်ရှိတဲ့လူငယ်တွေ၊ နိုင်ငံဂုဏ်ဆောင်မယ့်လူငယ်တွေကို ဝိုင်းဝန်းပြီး မြေတောင်မြှောက်ပေးဖို့ လိုအပ်ပါတယ်။

ငြမ်းမီဒီယာ– အနုပညာဖန်းတီမှု တချို့မှာဗုဒ္ဓဘာသာနဲ့ဆိုင်တဲ့ ပုံရိပ်တွေကို အဂါဝရ ဖြစ်အောင် သုံးတယ်ဆိုပြီး ဝေဖန်မှုတွေရှိသလို တစ်ဖက် ကလည်း ဗုဒ္ဓဘာသာကို တိုက်ခိုက်တာ မဟုတ်ဘူး အနုပညာဖန်တီးမှုသာဖြစ်တယ်လို့ တုံ့ပြန်မှုတွေနဲ့တူ အငြင်းပွားမှူတွေ အတွေ့များလာရပါတယ်။အဲ့အပေါ်မှာ အရှင်ဘုရား ဘယ်လိုရှှုမြင်တယ်ဆိုတာ မိန့်ကြားပေးပါဦး။

ဆရာတော်- ဦးဇင်းတို့အမြင်မှာတော့ ရတနာသုံးပါးနဲ့ပတ်သက်တာ လို့ဆိုရင် ပြည်သူက ဦးဇင်းတို့မြန်မာနိုင်ငံရဲ့ယဉ်ကျေးမှု၊ ဦးဇင်းတို့လူမျိုးတွေရဲ့ဒီဓလေ့စရိုက်သဘောထား အမြင်ကိုသာကြည့်ပြီးတော့ သတိထားပြီး ဆောင်ရွက်သင့်တယ်လို့မြင်တယ်။

ဦးဇင်းတို့နိုင်ငံကဘာပဲပြောပြော လက်ရှိအခြေအနေကဘာသာတရားနဲ့ပတ်သက်ရင်အလေးအနက် ဘယ်လိုပြောမလဲ ရိုးရာယဉ်ကျေးမှုတွေနဲ့များသလို ဘုရား၊တရား၊သံဃာအပေါ်မှာ ရိုသေမှု၊ လေးစားမှုက အစဉ်အလာလိုဖြစ်နေတာ။အဲ့တော့ ဦးဇင်းတို့ပြောချင်းတာက ဘုရားဒေသနာတစ်ခုမှာ မြတ်စွာဘုရားက ဘုရား၊တရား၊သံဃာနဲ့ပတ်သက်ပြီး ရဟန်းသံဃာတွေကို ပြက်ရယ်ပြုတာတွေ၊ လှောင်ပြောင်တွေပြုလုပ်တာတွေ မလုပ်ဖို့မြတ်စွာဘုရားက တားမြစ်ထားပါတယ်။

ဦးဇင်းအမြင်က ရိုးရိုးရှင်းရှင်းပါပဲ။ရတနာသုံးပါးနဲ့ပတ်သက်လာမယ်။ဘုရား၊တရား၊ သံဃာနဲ့ပတ်သက်တဲ့ကိစ္စတွေမှာဆိုရင် ဦးဇင်းတို့ရဟန်းသံဃာတွေမှာတောင် အပျော်အပြက် အနေနဲ့ အယောင်ဆောင်တာတွေ မပြုလုပ်သင့်ဘူး။ မြတ်စွာဘုရားက ရှောင်ကြဉ်ဖို့ မိန့်ကြားထားတာရှိပါတယ်။ဒါကြောင့်မို့ ဦးဇင်းတို ဒါယိကာ၊ ဒါယိကာမတွေကို ဦးဇင်းတို့ပြည်သူတွေကို သတိပေးချင်တာက စာပဲရေးရေး၊ ပန်းချီပဲဆွဲဆွဲ အနုပညာကိစ္စပဲ ဆောင်ရွက်၊ဆောင်ရွက် ဘာပဲလုပ်လုပ် ရတနာသုံးပါးနဲ့ပတ်သက်လာရင် သတိကြီးကြီး ထားပြီးဆောင်ရွက်ကြဖို့ ၊ ဦးဇင်းပြောလိုတာက ဂါရဝ၊ ဦးဇင်းတို့စာပေမှာတော့ ဘုရားဟောထားတာ ဂါရဝ ၁၀ မျိုးရှိပါတယ်။ ဗုဒ္ဓဂါရဝ ဘုရားအပေါ်ရိုသေရမယ်။ ဓမ္မဂါရဝတရားအပေါ် ရိုသေရမယ်။သံဃာ့ဂါရဝသံဃာအပေါ်ရိုသေရမယ်။

ဒီမှာဆို Project K ဖြစ်သွားတာဆိုရင် သူတို့ကရည်ရွယ်ချက်ကကောင်းတယ်။သို့သော် ကိုယ်ရဲ့ခြေထောက်အောက်မှာ ရွှေတိဂုံစေတီရဲ့ပုံရိပ်ကိုထိုးပြမိသွားတဲ့အခါကြတော့ လူက ဘုရားပုံရိပ်မှာ ကခုန်သလိုဖြစ်သွားတာ။မရည်ရွယ်ပေမယ့်လို့ဖြစ်သွားတာ။သို့သော်လည်းဒီအမူအယာမျိုးက ဦးဇင်းတို့ဘာပဲပြောပြော အဂါရဝတော့ဖြစ်ပါတယ်။ဦးဇင်းတို့က ဒီလိုအနုပညာတွေပဲဆောင်ရွက်ဆောင်ရွက်ဒီဘုရားသံဃာနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေ၊ ပုံရိပ်တွေကိုအသုံးပြုတဲ့အခါမှာ အဂါရ ဝမဖြစ်အောင်အသုံးပြုစေချင်တယ်။ ဒါဦးဇင်းရဲ့အမြင်ပါ။

ဦးဇင်းတို့ဘုရားနဲ့ပတ်သက်ပြီး အဂါရဝသဘောမှာ စာပေမှာ ဘာတွေမိန့်ထားသလဲဆိုရင် ဒီဘုရားစေတီတော်ပေါ်တွေရောက်တဲ့အခါ ဖိနပ်စီးတာတွေ၊ ထီးဆောင်းတာတွေ၊ ဒါတွေကအစ ဦးဇင်းတို့စာပေမှာ အဂါရဝဖြစ်တယ်လို့ဟောထားပါတယ်။ဘာသာရေးနဲ့ပတ်သက်ရင် ဥပမာဆိုကြပါစို့ စေတီပေါ်ရောက်သွားရင် အဲ့စေတီပေါ်ရောက်နေပါလျှက်၊ ဘုရားစေတီတော်ပေါ်မှာ ထီးဆောင်မယ်။ ဖိနပ်စီးတာတွေကအစ ဦးဇင်းတို့စာပေမှာ အဂါဝရ ဖြစ်တယ်လို့ဟောထားပါတယ်။အဲဒီ ဘုရားရင်ပြင်တော်ပေါ်မှာ အယုတ္တ၊အနတ္တ စကားတွေပြောမယ်ဆိုရင် အဲ့ဒါ ဗုဒ္ဓအဂါဝရဖြစ်တယ်။

ဦးဇင်းတို့ပြည်သူတွေဒီဘုရားနဲ့ပတ်သက်လို့ ကိုးကွယ်ကြတဲ့အခါမှာ ကိုယ့်အိမ်မှာ ဘုရားစင်ရှိမယ်လို့ဆိုကြပါစို့။ တစ်ကယ့်တစ်ကယ့် ဒီဘုရားကို ကြည်ညိုတဲ့အခါမှာ ဘာသာတရားအရ ဘုရားရုပ်ပွားတော်ကို သက်ရှိဘုရားကဲ့သို့ ဘုရားရဲ့ဂုဏ်တော်တွေကို အာရုံပြုပြီးကြည်ညိုကြရမှာ။ အဲ့ဒီလိုကိုးကွယ်ကြတဲ့အခါမှာဒီဘုရားရုပ်ပွားတော်တွေရှေ့မှာ ကြမ်းကြမ်းတမ်းတမ်းစကားတွေပြောမယ်။ ရန်ဖြစ်ကြမယ်။ဆဲဆိုကြမယ်။မသင့်တော်တဲ့အပြုအမူတွေပြုမူရင် ဦးဇင်းတို့စာပေအရ အဂါရဝဖြစ်တယ်။

နိုင်ငံသားအချင်းအချင်းပေါ်မှာ ကျဉ်းမြောင်းတဲ့ အမြင်မျိုးနဲ့မချဉ်းကပ်ဘဲ၊ သူလည်းနိုင်ငံသား၊ ကိုယ်လည်းနိုင်ငံသား၊ ကိုယ်လည်းနိုင်ငံအတွက်အကျိုးဆောင်နေတယ်။သူလည်း …

အဲ့ဒီတော့ ဦးဇင်းပြောလိုတာက ဘုရား၊ တရား၊ သံဃာနဲ့ပတ်သက်လို့ဆိုရင် အနုပညာပဲလုပ်လုပ်၊ နေ့စဉ်လူမှုဘဝမှာ သွားလာလှုပ်ရှားတဲ့အခါကြုံတွေ့လာရင်ပဲဖြစ်ဖြစ် ဦးဇင်းအမြင်ကတော့ အဂါရဝမဖြစ်အောင်သတိပြုဆောင်ရွက်စေချင်တယ်။ဘာကြောင့်လဲဆိုတော့ မြန်မာလူမျိုးတွေက ဘာသာတရားနဲ့ ပတ်သက်ရင် အကဲဆတ်တဲ့ အနေအထားမှာ ရှိတယ်။ဦးဇင်းတို့နိုင်ငံရဲ့ မျိုးဆက်တွေက၊ မျိုးဆက်နှစ်ခု သုံးခုက အမှောင်တွင်းမှာ မျက်စိပိတ်၊ နားပိတ်နဲ့ကြီးလာရတာ။ဦးဇင်းတို့လူမျိုးတွေရဲ့အမြင်ကလည်း ကမ္ဘာ့အမြင်ထက်စာရင် အမြင်ဟာ သိပ်မကျယ်သေးဘူးပေါ့။

မျက်စိပွင့်၊ နားပွင့်ရသွားတဲ့ကာလက သိပ်မကြာသေးဘူး။ အဲ့ဒါကြောင့် ဦးဇင်းတို့နိုင်ငံရဲ့ဘာသာတရား၊ လူမျိုးတွေရဲ့ယဉ်ကျေးမှုစိတ်နေစိတ်ထား အမြင်တွေကို အခြေခံကြည့်ရင် ဘာသာရေးနဲ့ပတ်သက်တဲ့ပုံရိပ်တွေကို အဂါရဝမဖြစ်အောင် အသုံးပြုဖို့ ဦးဇင်းက သတိပေးချင်ပါတယ်။

ငြမ်းမီဒီယာ – ဖြည့်စွက်မိန့်ကြားပေးပါ အရှင်ဘုရား။

ဆရာတော်- ဦးဇင်းတို့နိုင်ငံတိုးတက်ဖို့အတွက် လူတိုင်းလူတိုင်းက ဆန္ဒရှိကြမှာပါ။ထို့အတူလည်း ဘာသာသသနာတိုးတက်ဖို့ နိုင်ငံသားတိုင်းကမတူညီတဲ့ဆန္ဒရှိကြမှာပဲ။ဦးဇင်းတို့က ကိုယ့်နိုင်ငံတိုးတက်အောင်ဆောင်ရွက်ကြဖို့၊ ကိုယ့်ဘာသာသနာ တိုးတက်အောင်ဆောင်ရွက်ကြဖို့ ဦးဇင်းတို့ တစ်ဦးကောင်း၊ တစ်ယောက်ကောင်းနဲ့မရဘူး။အားလုံးကနေ မှ ဝိုင်းဝန်းပြီးကြိုးစားရမှာ။

နိုင်ငံရေးလည်း ဒီအတိုင်းပဲ။နိုင်ငံသားအားလုံးက တာဝန်သိသိ၊ တာဝန်ရှိရှိနဲ့ ကြိုးစားရမှာ။ဘာသာ၊ သာသနာအတွက်လည်း ဦးဇင်းတို့ဘာသာဝင်တွေအားလုံး၊ နိုင်ငံသားတွေအားလုံး ညီညီညွတ်ညွတ်နဲ့ဝိုင်းပြီး ကြိုးစားရမှာ။ အဲ့ဒီလိုကြိုးစားလို့မှ နိုင်ငံသားအချင်းအချင်းပေါ်မှာ ကျဉ်းမြောင်းတဲ့ အမြင်မျိုးနဲ့မချဉ်းကပ်ဘဲ၊ သူလည်းနိုင်ငံသား၊ ကိုယ်လည်းနိုင်ငံသား၊ ကိုယ်လည်းနိုင်ငံအတွက်အကျိုးဆောင်နေတယ်။သူလည်းနိုင်ငံအတွက် အကျိုးဆောင်နေတယ်။ ဒီလိုအမြင်မျိုးနဲ့ ငါတို့သည် နိုင်ငံအကျိုးစီးပွားဘုံရည်မှန်းချက်အပေါ်မှာ ကြိုးစားရမယ်လို့ အမြင်မျိုး။

နောက်တစ်ချက် ဦးဇင်းတို့နိုင်ငံရေး ဘာသာရေးနဲ့ပဲစဉ်စားတဲ့အခါမှာ ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာအတွက်ဆိုပြီး ကျဉ်းမြောင်တဲ့အမြင်မျိုး မစဉ်းစား ဘဲနဲ့ ကိုယ့်နိုင်ငံအတွက် နိုင်ငံသားအားလုံး၊ တိုင်းရင်းသားအားလုံးရဲ့ အကျိုးစီးပွားကို ရည်ရွယ်ပြီး ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားစေချင်တယ်။ဒါဆိုရင် အဲ့ဒီလို စဉ်စားလိုက်ရင် ဦးဇင်းတို့အချင်းချင်းကြားမှာ ဒီကျဉ်မြောင်းတဲ့အမြင်တွေ၊ လူမျိးစွဲတွေ၊ ဘာသာစွဲတွေ ပပျောက်သွားလိမ့်မယ်ထင်ပါတယ်။

အဲ့ဒီလို ကျယ်ပြန့်တဲ့အမြင်မျိုးတွေနဲ့ ချဉ်းကပ်ပြီး နိုင်ငံအတွက်ကို ဘာသာ၊သာသနာအတွက်အချင်းချင်းလက်တွဲပြီး ကြိုးစားကြရမယ်။စောစောကပြောသလို ဒီProject K မှာဖြစ်တဲ့ကိစ္စလို ဒီနိုင်ငံသားတွေအချင်းချင်း နိုင်ငံအတွက် ကြိုးစားကြတဲ့အခါမှာ အချင်းချင်းဒီနိုင်ငံရဲ့ချွတ်ချော်မှု၊ မှားယွင်မှုတွေရှိလာရင်လည်း မှားတဲ့ပုဂ္ဂိုလ်တွေက မှားတဲ့အလျှောက် ကိုယ့်အပြစ်ကို ဝန်ခံဖို့၊ တောင်းပန်ဖို့လိုအပ်တယ်။ထို့အတူပဲတစ်ဘက်က ပုဂ္ဂိုလ်တွေကလည်းတောင်းပန်းတဲ့အခါမှာလည်းခွင့်လွှတ်ဖို့ ကျေအေးဖို့ဒါလိုအပ်တယ်။ဒါလေးပြောချင်ပါတယ်။

ငြမ်းမီဒီယာ – ကျေးဇူးကြီးပါတယ်ဘုရား။ ဦးတင်ပါတယ် အရှင်ဘုရား။

ငြမ်းမီဒီယာ


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , , ,