Ring Road ဖောက်ဖို့ဆိုတာ အဓိပ္ပာယ်မရှိတဲ့ ယူဆချက်ပဲ

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

ဆိုးကျိုးက ကျောင်းထဲမှာ သစ်ပင်တွေ အလွန်အကျွံ ရာကျော်ခုတ်နေတယ်။ ဒီပတ်လမ်းက ကျောင်းတွင်း လုံခြုံရေးကို ထိပါးလာနိုင်တယ်လို့ ယူဆတယ်။ အရင်ရှိပြီး မကောင်းတဲ့ လုံခြုံရေးကို ပိုပြီး ဆိုးဝါးသွားစေမယ်လို့ ယူဆတယ်။ဒါကြောင့်မို့ …

နိုဝင်ဘာ(၆)၊၂၀၁၉၊ရန်ကုန်

The Nyang News

ရန်ကုန်တက္ကသိုလ်အတွင်း ဆောင်ရွက်ခဲ့သည့် Ring Road landscaping စီမံကိန်းတွင် တက္ကသိုလ်ဝန်းအတွင်း ရှိ သစ်ပင်ကြီးများခုတ်လှဲခံခဲ့ရမှုကြောင့် စီမံကိန်းအစီအစဉ်ကို ဖျက်သိမ်းပေးရန် ကျောင်းသူကျောင်းသားများက ဆန္ဒပြတောင်းဆိုခဲ့ကြ သည်။ယင်းစီမံကိန်းမစတင်မီ ပြုလုပ်ခဲ့သည့် အစည်းအဝေးပွဲတွင်လည်း ကျောင်းသားများက အကြိမ်ကြိမ် စီမံကိန်းနှင့်ပတ်သတ်၍အကြိမ်ကြိမ် ကန့်ကွက်ခဲ့ေ သာ်လည်း ကျောင်းတာဝန်ရှိသူများက ဂရုမစိုက်ဘဲ လုပ်ချင်ရာ လုပ်ခဲ့ကြသည်ဟု ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဥက္ကဌ ကပြောသည်။ယခုအခါ ကျောင်းအတွင်းပတ်လမ်းစီမံကိန်းအား ယာယီရပ်နားထားပြီး နိုဝင်ဘာလထဲတွင် ညှိနှိုင်းဆွေးနွေးကြမည် ဟုသိရသည်။ အဆိုပါအခြေအနေများနှင့်ပတ်သက်၍ ရန်ကုန် တက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဌ ကိုညီဇော် အား ငြမ်းမီဒီယာ က ဆက်သွယ်မေးမြန်းခဲ့ပါသည်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်း – Ring Road landscaping စီမံကိန်းကြောင့် ကျောင်းထဲမှာ သစ်ပင်တွေ အခုတ်ခံရတယ်။အဲဒီအတွက် ကန့်ကွက်တဲ့ အနေနဲ့ ကျောင်းသားတွေ ဆန္ဒပြကြတာတွေ့ပါတယ်။။အခု ဒီအခြေအနေက ဘယ်လိုရှိလဲ။

KNZ – ကျနော်တို့လုပ်ခဲ့တာက တောင်းဆိုချက်နှစ်ချက် သစ်ပင်တွေ ခုတ်တာ ရပ်ဖို့နဲ့၊အပေါ်ယံ ရုပ်ဝတ္ထုပြောင်းလဲတာတွေ ဦးစားမပေးဖို့ တောင်းဆိုတယ်။ကျောင်းထဲမှာ ကမ်ပိန်းလုပ်တယ်။ ဆန္ဒပြတယ်။ မနေ့က(နိုဝင်ဘာ – ၄)မနက်ပိုင်းလုပ်တဲ့ အစည်းအဝေးမှာ ညွှန်ချုပ်ဦးသိန်းဝင်းပါတယ်။ ရန်ကုန်တက္ကသိုလ်ဒုတိယပါမောက္ခချုပ် ဒေါ်ဥမ္မာကျော်ပါတယ်။ ကျောင်းသား သမဂ္ဂ၊ဆရာသမဂ္ဂ ပါတယ်။ နောက်တစ်ခုက စီမံဘဏ္ဍာပါတယ်။အဲဒီအစည်းအေဝးမှာ သူတို့ဘက်က သစ်ပင်ခုတ်တာ ရပ်ပေးထားမယ်။ နောက်ထပ်တခြား လုပ်ငန်းတွေလုပ်လို့ သစ်ပင်ခုတ်ဖို့ လိုလာရင်လည်း ကျောင်းသား သမဂ္ဂ၊ဆရာသမဂ္ဂ တွေဆီက သဘောတူညီချက်ယူမယ်။ နောက်ပြီးတော့ သစ်တောကနေအကြံဉာဏ်ယူမယ်။အဲလို သဘောတူ ထားတာရှိတယ်။ အခု Ring Road လုပ်ထားတာနဲ့ပတ်သက်လို့ ဒီလုပ်ငန်းကို သူတို့ ယာယီရပ်ထားမယ်။ စီမံကိန်းကို ယာယီရပ်ထားပြီး နိုဝင်ဘာ ဒုတိယ အပတ်အတွင်းမှာ ဆွေးနွေးပွဲ တစ်ခု ထပ်ခေါ် လိမ့်မယ်။ ဆွေးနွေးပွဲမှာ ကျောင်းသားသမဂ္ဂတွေ၊ဆရာသမဂ္ဂ တွေသဘောမတူရင် စီမံကိန်းကို အပြီးတိုင် ရပ်ဆိုင်း ပေးမယ်လို့ ပြောထားတယ်။ဒီစီမံကိန်းလုပ်ခဲ့လို့ပျက်စီးသွားတဲ့နေရာတွေကိုလည်း ကောင်းမွန်အောင် အစားထိုး ပေးမယ်ဆိုတဲ့ သဘောတူညီချက်မျိုး ရှိတယ်။

ငြမ်း – အဲဒီတော့ လက်ရှိရထားတဲ့ သဘောတူညီမှုက စီမံကိန်းကို အပြီးတိုင်ရပ်ပေးတာလည်း မဟုတ်ဘူး။သစ်ပင်တွေ ဆက်မခုတ်တော့ ဘူးဆိုတာလည်းမဟုတ်ဘူး။ ယာယီသဘော ရပ်ထားတာပေါ့။

KNZ – သစ်ပင်တွေကတော့ ဆက်မခုတ်တော့ဘူးပေါ့။ကျောင်းသား သမဂ္ဂတွေ၊ဆရာသမဂ္ဂတွေ ၊သစ်တောရဲ့အကြံပေးချက်မပါဘဲနဲ့ နောက်ထပ် သစ်ပင် ထပ်မခုတ်တော့ ဘူးလို့ တော့ပြောထား တယ်။စီမံကိန်းကတော့ ယာယီရပ်ထားတုန်းပဲ။ နိုဝင်ဘာဒုတိယ အပတ်ဆွေးနွေးမှုမှာ ကျောင်းသားသမဂ္ဂတွေ၊ဆရာသမဂ္ဂတွေ သဘောမတူရင် ဒီဟာကို အပြီးရပ်ပေးမယ်ဆိုတာမျိုးတော့ ရှိတယ်။

ငြမ်း – အဲဒီတော့ ကိုညီဇော်တို့ က ဒီစီမံကိန်းကို သဘောမတူတာ လား။သစ်ပင်ခုတ်တာကို သဘောမတူတာလား။

KNZ – ကျနော်တို့ သစ်ပင်ခုတ်နေတာကို သဘောမတူဘူး။ ကျနော်တို့ တောင်းဆိုချက် နှစ်ချက်မှာ သစ်ပင်ခုတ်တာကို သဘောမတူဘူး။ေ နာက်ပြီးတော့ အပေါ်ယံရုပ်ဝတ္ထုတွေ ပြောင်းလဲမှုကို ဦးစားမပေး ဖို့။ကျနော်တို့ကြေညာချက်လည်း ထုတ်ထားတယ်။ ဒီပတ်လမ်းေ ဖာက်တဲ့ဟာက အပေါ်ယံ ရုပ်ဝတ္ထု ပြောင်းလဲမှုဖြစ်တယ်။ ကျနော်တို့ ကျောင်းထဲမှာ တကယ်လိုအပ်နေတဲ့ ပညာရေး ကဏ္ဍတွေမှာ မသုံးဘဲနဲ့ အပေါ်ယံရုပ်ဝတ္ထု ပြောင်းလဲရေးကို ပိုက်ဆံတွေ အလွန်အကျွံ သုံးနေတာရှိတယ်။ ပတ်လမ်းဖောက်တဲ့ ကိစ္စရဲ့အကြောင်းပြချက်က ကျောင်းတွင်းလမ်းပိုင်းဆက်သွယ်ရေးကောင်းဖို့လို့ဆိုတယ်။ အဆောင်တွေက ဒီ ပတ်လမ်းကို ဆင်းနိုင်မယ်။ အလွယ်တကူ ဆင်းနိုင်မယ်။ဒီအဓိပတိလမ်းကိုလည်း စက်ဘီးစီး လမ်းလုပ်မယ်ပေါ့။ စက်ဘီးစီးလို့ရမယ်။လူသွားလို့ရမယ်။ ဒီပတ်လမ်းက ကျောင်းအတွင်း ကနေ တစ်ပတ်ပြန်ပတ်ထားတာဖြစ်တဲ့အတွက် အမျိုးသမီး အဆောင်ဘက်မှာ ကပ်ပြီးတော့ ဒီလမ်းကပါနေတာရှိ တယ်။ ဒီလမ်းဖောက်လုပ်မှုက ကျောင်းအတွင်းဂေဟစနစ်ကို ပျက်စီးစေတယ် ဆိုတဲ့ သဘောထား ကျနော်တို့မှာရှိတယ်။ဒါကြောင့်မို့ ကျနော်တို့ ဒီစီမံကိန်းကို သဘောမတူဘူး။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်း – ဒီ Ring Road လုပ်ရင် ကျောင်းသူကျောင်းသားတွေအတွက် ပိုအဆင်ပြေသွားနိုင်မှာ မဟုတ်ဘူးလား၊ ပို အဆင်မပြေမှု တွေ ရှိသွားနိုင်တာလား။ အဲဒါက ဘယ်လို ယူဆထားကြတာလဲ။

KNZ – ဒီလမ်းနဲ့ပတ်သက်ပြီး ကျောင်းသူကျောင်းသားတွေ ဆီကနေ ဆာဗေး ကောက်တယ်။ အွန်လိုင်း ဆာဗေးပေါ့။ ၉၈.၃ ရာခိုင်နှုန်း အများစုက ဒီစီမံကိန်း လုပ်တာကို သဘောမတူဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ဆိုးကျိုးက ကျောင်းထဲမှာ သစ်ပင်တွေ အလွန်အကျွံ ရာကျော်ခုတ်နေတယ်။ ဒီပတ်လမ်းက ကျောင်းတွင်း လုံခြုံရေးကို ထိပါးလာနိုင်တယ်လို့ ယူဆတယ်။ အရင်ရှိပြီး မကောင်းတဲ့ လုံခြုံရေးကို ပိုပြီး ဆိုးဝါးသွားစေမယ်လို့ ယူဆတယ်။ဒါကြောင့်မို့ ကျောင်းတွင်း လမ်းပန်းဆက်သွယ်ရေးကောင်းဖို့ဆို တခြားနည်းလမ်းနဲ့ စဉ်းစားဖို့ပါ။ အဓိပတိလမ်းထိပ်မှာ မိန်းပေါက်တစ်ပေါက်ရှိမယ်။နောက်ထပ် ကျောင်းထဲမှာ ပိတ်ထားတဲ့၊ကားလည်း ဝင်လို့ရတဲ့အပေါက်တွေ ရှိတယ်။ သထုံဆောင်ရှေ့မှာရှိတယ်။ ရာမညဆောင် ရှေ့မှာ ရှိတယ်။ နောက်တော့ စစ်ကိုင်လမ်းမှာ ရှိတယ်။ ဒီလိုအပေါက်တွေကျတော့ ဖွင့်မပေးပဲနဲ့ ဒီ Ring Road ဖောက်ဖို့ဆိုတာ အဓိပ္ပာယ်မရှိတဲ့ ယူဆချက်ပဲ။

ငြမ်း – ဒီစီမံကိန်းဆို စပြီဆိုကတည်း က ငွေကြေးကုန်ကျမှုရှိမယ် ။ငွေကုန်ကျမှုထက် ပြန်အစားထိုးဖို့ခက်ခဲတဲ့ သစ်ပင်တွေ ခုတ်လှဲ ခံရတယ်။ဆုံးရှုံးလိုက်ရတယ်။ကျောင်းသားတွေ သဘောမတူဘူးဆိုမှ သစ်ပင်ခုတ် လှဲတာကို ရပ်လိုက်ကြတယ်။အဲဒီတော့ စီမံကိန်းတွေ မစခင်မှာ ကျောင်းနဲ့ပတ်သက်တာ၊ ကျောင်းသူကျောင်းသားတွေနဲ့ ပတ်သက်တဲ့ စီမံကိန်း လုပ်တဲ့နေရာမှာ ကျောင်းသားကျောင်းသူတွေ သိခွင့်မရှိဘူးလား။မသိဘူးလား။ရန်ကုန်တက္ကသိုလ်မှာလည်း ကျောင်းသားသမဂ္ဂ ရှိတာပဲလေ။ အဲဒါနဲ့ပတ်သက်ပြီးတော့ ရောဘာပြောချင်လဲဗျ။

KNZ – ကျနော်တို့ ကျောင်းသားသမဂ္ဂတွေ၊ဆရာသမဂ္ဂတွေအနေနဲ့ ကျောင်းစီမံ အဖွဲ့ထဲမှာပါတယ်။ ကျောင်းစီမံအဖွဲ့မှာ ကိုယ်စားလှယ်ေ ပးထားတာရှိတယ်။ဒါပေမယ့် ကျနော်တို့ကို အစည်းအဝေးတစ်ခုခု ဖိတ်ပြီဆို ကပ်ဖိတ်တာမျိုး။ဥပမာ ဆယ်နာရီ လုပ်မယ်ဆို ကိုးနာရီလောက်မှ ဖိတ်တာမျိုးရှိတယ်။အခု ဒီ ပတ်လမ်းစီမံကိန်း အစည်းအဝေးတက်တဲ့အခါမှာလည်း ကျနော်တို့ ဒီအပေါ်ကို တစိုက်မတ်မတ် ကန့်ကွက်ခဲ့တာရှိတယ်။ ဒီလုပ်ငန်းစဉ်ကို ကျနော်တို့ ကျောင်းသားသမဂ္ဂအနေနဲ့ ကန့်ကွက်ခဲ့တာ ရှိတယ်။အဲဒါကို ဂရုမစိုက်ဘဲနဲ့ လုပ်ချင်ရာဆက်လုပ်တဲ့ပုံစံမျိုးတော့ ရှိတယ်။

ငြမ်း – အဲဒီတော့ ဒီစီမံကိန်း နဲ့ပတ်သက်ပြီး ကျောင်းသားသမဂ္ဂက တောက်လျောက်ကန့်ကွက်ခဲ့တယ်။ဒါပေမယ့် သူတို့ဆက်လုပ်တယ်။ အခု ဆန္ဒပြပွဲတွေ ဘာတွေဖြစ်မှ ယာယီ ရပ်ဆိုင်းတယ်။အဲဒီမှာ အခု ဆုံးရှုံးသွားတာတွေကို ဘယ်သူက တာဝန်ခံသင့်လဲ။ ဘယ်သူ တာဝန်ယူမလဲ။

KNZ – တာဝန်ရှိတာကတော့ ကျနော်တို့ ကျောင်းအာဏာပိုင်တွေမှာ တာဝန်ရှိတယ်။ နောက်ပြီးတော့ ဒီ Ring Road ကိုဖောက်တာက နှစ်တစ်ရာပြည့် က Hardware ကော်မတီက နေ စည်ပင်ကို အပ်ပြီးတော့ ဒီစီမံကိန်းကိုလုပ်တာ။ Hardware ကော်မတီ မှာလည်း တာဝန်ရှိတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်း – Hardware ကော်မတီက ဘယ်သူတွေနဲ့ဖွဲ့စည်းထားတာလဲ။

KNZ – ကျောင်းအာဏာပိုင်ထဲက လူတွေပါတယ်။ နောက်ထပ် ဦးသိန်းဝင်းတို့ပါတယ်။ တခြားသူတို့ထည့်ထားတဲ့သူတွေပါတယ်။ ကျောင်းသာသမဂ္ဂတွေ၊ဆရာသမဂ္ဂတွေတော့မပါဘူး။

ငြမ်း – Ring Road ကိစ္စနဲ့ပတ်သက်ပြီး ကိုညီဇော်တို့ ဘာတွေ ဆက်ဆောင်ရွက်သွားဖို့ ရှိလဲ။

KNZ – လောလောဆယ် သူတို့ပေးထားတဲ့ကတိကဝတ်တွေကို တကယ်ပဲ အကောင်ထည်ဖော်ခြင်း ရှိ၊မရှိ ကျနော်တို့ စောင့်ကြည့်နေ တယ်။ ပြီးတော့ ဒီဟာတွေ မရမချင်း ကမ်ပိန်းတို့ အွန်လိုင်းကမ်ပိန်းတို့ ဆက်လုပ်ဖို့ရှိတယ်။

ငြမ်း – ကျောင်းရဲ့ ပြောင်းလဲမှုတွေမှာ အပေါ်ယံကိုပြောင်းတာထက် အနှစ်သာရပိုင်းကို ပြောင်းလဲစေချင်တာလို့ ဆိုတော့ ဘယ်လို အနှစ်သာရမျိုးကိုပြောင်းစေချင်တာလဲဗျ။

KNZ – တိုင်းပြည်မှာ သုံးနေတဲ့ ဘဏ္ဍာငွေတွေဟာ အဖက်ဖက်မှာ နိမ့်ကျနေတဲ့ ပညာရေးစနစ်၊ပညာရေး ကဏ္ဍအသီးသီးမှာ သုံးစေချင်တယ်။ပိုပြီးတော့ ကောင်းမွန်တဲ့ပညာရေး စနစ်ဖြစ်စေ ချင်တယ်။ဒီကျောင်းထဲမှာ ရှိတဲ့ ပညာသင်ကြားရေးနဲ့ပတ်သက်တဲ့ Facality တွေကို ပိုပြီးတော့ လုပ်စေချင်တယ်။ ပညာရေးနယ်ပယ် တစ်ခုလုံးကိုပေါ့။

ငြမ်း – ဒီပတ်လမ်းက ကျောင်းဝန်းထဲမှာ လုပ်တာဆိုတော့ ဒီဟာကရော ပညာရေးကဏ္ဍ အတွက် သုံးတယ်လို့ ပြောလို့မရဘူးလားဗျ။

KNZ – ကျနော်တို့ ပညာရေးပိုကောင်းလာဖို့ဆိုရင် လိုအပ်နေတဲ့ ပညာရေး Facality တွေ၊ ပညာရေး သုတေသန အပိုင်းတွေမှာ ပိုပြီးတော့ သုံးဖို့လိုတယ်။ဒီဟာပြီးတော့မှ နောက်ပိုင်းမှ ရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုကို စဉ်းစားစေချင်တယ်။

ငြမ်း – ကျေးဇူးတင်ပါတယ်ဗျ။

ဓာတ်ပုံ – ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ

ပုံ -၁ – ရန်ကုန် တက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဌ ကိုညီဇော်

ပုံ -၂၊၃၊၄ စီမံကိန်းနှင့်သစ်ပင်ခုတ်လှဲမှုအားဆန့်ကျင်ကန့်ကွက်သည့် ပိုစတာများ


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။