SNLD ပါတီ NLDပါတီဘက်က အတိအလင်းရပ်တည်ပြီ သတင်း စိုင်းညွှန့်လွင် ရှင်း

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

SNLD ပါတီ က NLD ဘက်က အတိအလင်းရပ်တည်ပြီ ဆိုတဲ့ သတင်းဟာ ဖေ့စ်ဘွတ်စာမျက်နှာတွေမှာ ပျံ့နှံ့ နေပါတယ်။

သည် သတင်းကို NLD ထောက်ခံသူတွေ ၊ NLD ထောက်ခံသူတွေရဲ့ ဖေ့စ်ဘွတ်ဂရုတွေမှာ ပြန်လည် မျှဝေနေကြတာတွေ လည်း ရှိပါတယ်။

သည် သတင်းမျှဝေထားမှု ကို  သည်နေရာမှာ ကြည့်နိုင်ပါတယ်။ web archive ကို  သည်နေရာမှာ ကြည့်နိုင်ပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

” အမှန်ကိုပြောရရင် အဲ့ဒီ post မှာဖေါ်ပြထားတဲ့ စာသားတွေကို ၂၀၁၅ နှစ်ကုန် ရွေးကောက်ပွဲနှောင်းပိုင်းကာလမှာ ကျနော်ပြော ခဲ့တာ ဖြစ်ပါတယ်။ စာနဲ့တွဲပြီး တင်ထားတဲ့ “ဓါတ်ပုံ” ကတော့ (19th August 2020) နေ့ စတုတ္ထအကြိမ် ငြိမ်းချမ်းရေး ညီလာခံတုန်းက ပုံဖြစ်ပါတယ် ” လို့ စိုင်းညွှန့်လွင် က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားထားပါတယ်။

” နှစ်ခုစလုံးက အမှန်ဖြစ်ပေမယ့် အဲ့ဒီနှစ်ခုကို တွဲတင်လိုက်တဲ့အခါ “ အတုအယောင် ” ဖြစ်သွားပါတယ်။ စတုတ္ထအကြိမ် ငြိမ်းချမ်းရေးညီလာခံမှာ ကျနော်က ဖော်ပြပါ စကားမျိုးကို ပြောသွားသလိုလို ထင်ယောင် ထင်မှား ဖြစ်အောင် လုပ်လိုက်တာပါ။ အတုနဲ့အယောင် ထဲက “အယောင်” ဖြစ်အောင် လုပ်လိုက်တာပါ။ ငြိမ်းချမ်းရေး ညီလာခံတုန်းက အခု post မှာဖေါ်ပြထားတဲ့ စကားမျိုးကို ကျနော် မပြောခဲ့ပါဘူး။ အခုတော့ မဲဆွယ်ကာလမှာပဲ ပြောလိုက်သလိုလို လုပ်ပြီး လူတွေရဲ့ ထောက်ခံချက်ရအောင် လုပ်တဲ့ဆောင်ရွက်ချက် အတုတစ်ခုပါ ” လို့ စိုင်းညွှန့်လွင် က SNLD ပါတီ NLDပါတီဘက်က အတိအလင်းရပ်တည်ပြီ သတင်းအမှားနဲ့ ပတ်သက်ပြီး မှတ်ချက်ပြုထားပါတယ်။

သတင်းအမှား ထွက်ပေါ်လာမှုနဲ့ ပတ်သက်ပြီး စိုင်းညွှန့်လွင်ရဲ့ ဖြေရှင်းချက်ကို  သည်နေရာမှာ ကြည့်နိုင်ပါတယ်။

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၊ ဒုတိယဥက္ကဋ္ဌ (၁) စိုင်းညွန့်လွင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ − ၂၁ ရာစု ပင်လုံ (စတုတ္ထအစည်းအဝေး) ဖွင့်ပွဲ အခမ်းအနားမှာ ပြောကြားခဲ့တဲ့ ညီလာခံအဖွင့်မိန့်ခွန်း ရုပ်သံ နဲ့ စာသားကို  သည်နေရာမှာ နဲ့ သည်နေရာမှာ ကြည့်နိုင်ပါတယ်။

” နိုင်ငံရေးပါတီ ခေါင်းဆောင်တစ်ယောက်အနေနဲ့ ပြောတာမျိုး ဖြစ်အောင် ဖန်တီးထားတာမို့ အားလုံးအပေါ်သက် ရောက်မှုက ကြီးမားသွားပါတယ်။ ဘယ်သူတွေက လုပ်တာလဲဆိုတာ ကျနော်မသိပေမယ့် အာဏာရ ပါတီအတွက် မဲဆွယ်တဲ့နေရာမှာ အသုံးချ လိုက်တာကတော့ အတော်ကို ဆိုးဝါးလှပါတယ်။ ပြောရရင်တော့ SNLD ခေါင်း ဆောင်တစ်ယောက်ကို အသုံးချပြီး NLD အတွက် ထောက်ခံမှု ရအောင် (အတုလုပ်ပြီး) ဆောင်ရွက်ခြင်းသာ ဖြစ်ပါတယ်” လို့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၊ ဒုတိယဥက္ကဋ္ဌ (၁) စိုင်းညွန့်လွင် က သတင်းအတု ထွက်ပေါ်လာမှုနဲ့ ပတ်သက်ပြီး မှတ်ချက်ပြုထားပါတယ်။

” အခု ကိုစိုင်းညွှန့်လွင် မပြောဘဲ ပြောတယ်လို့ တက်လာတာတွေက ဒါတွေက ကျနော်တို့နဲ့ တိုင်းရင်းသား ပါတီတွေကြားမှာ သဘောထားတွေ ကွဲလွဲအောင် အထင်မှား၊ အမြင်မှား ဖြစ်အောင်လုပ်တဲ့ လုပ်ကြံမှုပါပဲ။ နောက်တစ်ချက် က ကျနော်တို့နဲ့ SNLD ဆိုတာက ဟိုတုန်းကတည်းက တကယ့် ညီနောင်ပါတီတွေပါပဲ။ ၉၀ ရွေးကောက်ပွဲအပြီးမှာ CRPP ဖွဲ့တုန်းကလည်း အတူတူရပ်တည်ခဲ့ကြတဲ့ တကယ့်ညီနောင်ပါတီတွေပါပဲ။တကယ့်ရဲဘော်ရဲဘက်တွေပါ။အခုထိလည်း ဒီလိုပါပဲ။ ကျနော်တို့ ဒီလိုပဲ သဘောထားပါတယ်။သူတို့လည်း ဒီလိုပဲ သဘောထားမယ်လို့ ကျနော်ထင်ပါတယ်။ အခုထက်ထိ ကျနော်တို့မှာ ရန်ဘက် သဘောမရှိပါဘူး။တိုင်းရင်းသားပါတီအားလုံးနဲ့ ကျနော်တို့ မိတ်ဖက်ပါတီတွေလို့ ကျနော်တို့ သဘောထားပါတယ်။ တကယ့်အရေးကြီးရင်တော့ သွေးစည်းပြီး လုပ်ကြရတာပါပဲ။ကျနော်တို့ နဲ့ SNLD က သမိုင်းအစဉ်အလာတွေ ရှိခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီလို သတင်းအမှားတွေနဲ့ တစ်ဖက်နဲ့ တစ်ဖက် ထင်ယောင်ထင်မှားဖြစ်အောင်လုပ်တာ ကို ကျနော်တို့ နှစ်ဖက်စလုံးသတိထားပြီး ဒါကို ချေပရမယ်။ခုခံရမယ် ” လို့ NLD ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူး မုံရွာအောင်ရှင်က ငြမ်းမီဒီယာကို ပြောပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , , , ,