UDP ပါတီ ဥက္ကဌ ဦးကျော်မြင့် အိမ်ပြန်ရောက်နေပြီဆိုတဲ့ သတင်းပျံ့

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

UDP ပါတီ ဥက္ကဌ ဦးကျော်မြင့် အိမ်ပြန်ရောက် ပြီဆိုတဲ့ သတင်းကို ဖေ့စ်ဘွတ် လူမှုကွန်ရက်မှာ ပြန်လည်ဝေမျှနေသူတွေရှိပါတယ်။

သည် သတင်းကို ညီညွတ်သောဒီမိုကရက်တစ်ပါတီ (UDP) ကချင်ပြည်နယ် ဂရုထဲမှာ ဖြန့်ချိထားတာတွေ့ရပါတယ်။

John Aung Zaw Latt လို့ အမည်ရတဲ့ ဖေ့စ်ဘွတ်အကောင့်ပိုင်ရှင်က သည်သတင်းကို ဖြန့်ချိခဲ့တာတွေ့ရပြီး ပြန်လည် မျှဝေသူ အများအပြား ရှိတာကိုလည်း တွေ့ရပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

” ဥက္ကဌ ကြီး အိမ်ပြန်ရောက်လာပါပြီ ဗျ ” လို့ John Aung Zaw Latt လို့ အမည်ရတဲ့ ဖေ့စ်ဘွတ်အကောင့်ပိုင်ရှင် က ရေးသားထား ( သည်နေရာမှာ ကြည့်နိုင်ပါတယ်)သလို Khaing Khaing Kyaw လို့ အမည်ရတဲ့ ဖေ့စ်ဘွတ်အကောင့် က လည်း ” ဘယ်သူတွေ ဘယ်လို အပုပ်ချချ နှင်းဆီကတော့ ပွင့်လျက်ပါဘဲ ။ဥက္ကကြီး အေးချမ်းစွာ ပြန်ရောက်နေပါပြီ တိုက်ခိုက်သူတွေ နားလိုက်တော့ ” လို့ ဆိုတဲ့ စာသားကို ရေးသားဖြန့်ချိထားတာတွေ့ရပါတယ်။

နှင်းဆီပါတီခေါ် UDP ပါတီဥက္ကဌ ဦးကျော်မြင့်ကို ဖမ်းဆီးထိန်းသိမ်းထားပြီး ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၂၄ အရ အမှုဖွင့်အရေးယူထားကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက စက်တင်ဘာလ(၃၀) ရက်နေ့ နံနက်ပိုင်းမှာ Myanmar Now ကို ပြောကြားထားပါတယ်။ (Myanmar Now သတင်းကို  သည်နေရာမှာ  ကြည့်နိုင်ပါတယ်။)

UDP ပါတီဥက္ကဋ္ဌ ဦးကျော်မြင့် သည် ရဲဘက်ပြေးဖြစ်သောကြောင့် ရဲတပ်ဖွဲ့ဝရမ်းဖြင့် စက်တင်ဘာလ (၂၉ ) ရက်နေ့ညက ဖမ်းဆီးခဲ့ကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး ပြောကြားချက်ကို ကိုးကားပြီး Eleven Media က အောက်တိုဘာလ(၁) ရက်နေ့ နေ့စွဲနဲ့ အလဲဗင်းမီဒီယာရဲ့ ဝက်ဘ်ဆိုဒ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

” ရဲတပ်ဖွဲ့က ဦးကျော်မြင့်အား ရန်ကုန်မြို့တွင် ဖမ်းဆီးထိန်းသိမ်းပြီးနောက် ယခင်က ၎င်းထောင်ဒဏ်ကျနေရာမှ ထွက်ပြေးခဲ့သည့် မန္တလေးတိုင်းဒေသကြီးရှိ အိုးဘိုအကျဉ်းထောင်သို့ ပြန်လည်လွှဲပြောင်းပေးခဲ့ ” တယ်လို့ အလဲဗင်းသတင်းမှာ ဖော်ပြထားပါတယ်။ ( အလဲဗင်းသတင်းကို  သည်နေရာမှာကြည့်နိုင်ပါတယ်)

UDP ပါတီ ဥက္ကဌ ဦးကျော်မြင့် အိမ်ပြန်ရောက်နေပြီ ဆိုတဲ့ သတင်းနဲ့ ပတ်သက်ပြီး အချက်အလက် စစ်ဆေးအတည်ပြုရန် UDP ပါတီ ဖုန်းနံပါတ်တွေ ဖြစ်တဲ့ ၀၁ ၇၀၅၄၇၉ နဲ့ ၀၉ ၂၅၀၇၉ ၉ ၄၁၂ ကို ဆက်သွယ်မေးရန် ကြိုးစားခဲ့သော်လည်း ၀၁ ၇၀၅၄၇၉ မှာ ဖုန်းပိတ်ထားပြီး ၀၉ ၂၅၀၇၉ ၉ ၄၁၂ ကတော့ လက်ခံ ဖြေဆိုမယ့် သူ မရှိခဲ့ပါဘူး။

” ဒါက မြန်မာနိုင်ငံရဲတပ်ဖွဲ့ က ဆောင်ရွက်နေတဲ့ အပိုင်းဖြစ်တဲ့ အတွက် သတင်းထုတ်ပြန်ပေးလို့မရသေးဘူး။ သမ္မတရုံး က ပြောတာ အတည်ပါ။ ဖေ့စ်ဘွတ်ပေါ်မှာ က လျောက်ရေးနေတာပါ။ ဖေ့စ်ဘွတ်အကောင့်တွေက လိုချင်သလို လုပ်လို့ရနေတာ။တကယ်တရားဝင်ထုတ်ပြန်တာ သမ္မတရုံး က ဟာ ကတော့ အမှန်ပဲပေါ့ဗျာ ” လို့ အကျဉ်းဦးစီးဌာန တာဝန်ရှိသူတစ်ဦး က ငြမ်းမီဒီယာ ကိုပြောပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

UDP ဥက္ကဌ ဦးကျော်မြင့် အိုးဘိုထောင်မှာ ရှိတယ်လို့ မန္တလေးတိုင်းဒေသကြီးမှာ နေထိုင်တဲ့ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးက ငြမ်းမီဒီယာကို အတည်ပြု ပြောကြားပါတယ်။

သတင်းလုပ်ငန်းစဉ်တွေနဲ့ အညီ ဖော်ပြထားတဲ့ မီဒီယာတွေရဲ့ ဖော်ပြချက် နဲ့ ပုဂ္ဂိုလ်အချို့၏ အတည်ပြုချက်တွေအရ UDP ဥက္ကဌ ဦးကျော်မြင့် အိမ်ပြန်ရောက် နေပြီ ဆိုတဲ့ သတင်းဟာ သတင်းအမှားသာ ဖြစ်ပါတယ်။

ငြမ်းမီဒီယာ


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , , , ,