UDP ဥက္ကဌ ဦးကျော်မြင့် ကို ပြည်ထဲရေး နဲ့ ရဲ လူအစားထိုးထားတဲ့ ပုံစံမျိုး ဖော်ပြထားတဲ့ သတင်းအမှား

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

UDP ဥက္ကဌ ဦးကျော်မြင့် ကို ၁၉၉၉ ခုနှစ် အိုးဘိုအကျဉ်းထောင် ကနေ ထွက်ပြေးသွားမှုအတွက် အောက်တိုဘာ(၂)ရက် သောကြာနေ့က မန္တလေးတိုင်း ချမ်းအေးသာစံ မြို့နယ်တရားရုံးမှာ ရာဇသတ်ကြီးပုဒ်မ ၂၂၄ နဲ့ တရားစွဲဆိုလိုက်တဲ့ သတင်းကို ဗီအိုအေ သတင်းဌာနမှာ ဖော်ပြထားပါတယ်။( သည်နေရာမှာ ဖတ်နိုင်ပါတယ်)

အခုပြောပြလိုတာက ဖမ်းဆီးခံထားရတဲ့ UDP ဥက္ကဌ ဦးကျော်မြင့်ကို လူအစားထိုးထားတဲ့ ပုံစံမျိုးနဲ့ဖော်ပြထားတဲ့ အကြောင်းအရာပဲ ဖြစ်ပါတယ်။

သည် အကြောင်းအရာကို Kyaw Kyaw လို့အမည်ရတဲ့ ဖေ့စ်ဘွတ်အကောင့် က အောက်တိုဘာလ(၂) ရက်နေ့ က ဖြန့်ချိခဲ့တာဖြစ်ပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Kyaw Kyaw လို့အမည်ရတဲ့ ဖေ့စ်ဘွတ်အကောင့်က သည်အကြောင်းအရာကိုပဲ NLD 2020အောင်နိုင်ရေး ဖေ့စ်ဘွတ်ဂရုထဲ ကို မျှဝေခဲ့တာတွေ့ရပါတယ်။

SS / Kyaw Kyaw လို့အမည်ရတဲ့ ဖေ့စ်ဘွတ်အကောင့် က NLD 2020အောင်နိုင်ရေး ဖေ့စ်ဘွတ်ဂရုထဲ မျှဝေထားမှု

NLD 2020အောင်နိုင်ရေး ဖေ့စ်ဘွတ်ဂရုထဲ Kyaw Kyaw မျှဝေထားတဲ့ အကြောင်းအရာကို အောက်တိုဘာလ (၃) ရက်နေ့မှာတော့ ဂရုကနေ ဖယ်ရှားလိုက်ပုံရပါတယ်။ လင့်ခ်ကနေတစ်ဆင့် ဝင်ရောက်ကြည့်ရှုရာမှာ သည် အကြောင်းအရာကို မတွေ့ရတော့ပါဘူး။

Kyaw Kyaw လို့အမည်ရတဲ့ ဖေ့စ်ဘွတ်အကောင့် မှာတော့ သည်အကြောင်းအရာကို ဖြန့်ချိထားတာတွေ့နိုင်ပါတယ်။ ( သည်နေရာမှာ ကြည့်နိုင်ပါတယ်)

Kyaw Kyaw ဖေ့စ်ဘွတ်အကောင့်ဟာ Followers ငါးထောင်နီးပါး ရှိပြီး ကိုယ်ရေးအချက်အလက် ဖော်ပြမှု မတွေ့ရတဲ့ အပြင် ပရိုဖိုင်းဓာတ်ပုံ အမှန် ဖော်ပြထားမှုကိုလည်း မတွေ့ရပါဘူး။

သတင်းလုပ်ငန်းစဉ်များနဲ့ အညီ ဖော်ပြထားတဲ့ သတင်းဌာနတွေမှာလည်း UDP ဥက္ကဌ ဦးကျော်မြင့် ကို ပြည်ထဲရေး နဲ့ ရဲ လူအစားထိုးထားတယ်ဆိုတဲ့ သတင်း ဖော်ပြထားတာမျိုး မရှိပါဘူး။

UDP ဥက္ကဌ ဦးကျော်မြင့် အကြောင်းကို ဖော်ထုတ်ရေးသားခဲ့တဲ့ Myanmar Now သတင်းဌာနမှာလည်း  UDP ဥက္ကဌ ဦးကျော်မြင့် ကို ပြည်ထဲရေး နဲ့ ရဲ လူအစားထိုးထားတယ်ဆိုတဲ့ သတင်း ဖော်ပြထားတာမျိုး မရှိပါဘူး။ Myanmar Now သတင်းဌာန က အောက်တိုဘာလ(၂) ရက်နေ့ က ဖော်ပြထားတဲ့ ဦးကျော်မြင့် သတင်းကို သည်နေရာမှာ ကြည့်နိုင်ပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

သည်အချက်အလက်တွေကို ကြည့်ခြင်းအားဖြင့် Kyaw Kyaw ဖေ့စ်ဘွတ်အကောင့် က ဖြန့်ဝေထားတဲ့ အကြောင်းအရာ ဟာ တိကျခိုင်လုံတဲ့ အထောက်အထား ၊သက်ဆိုင်ရာသတင်းရင်းမြစ်တွေကို အတည်ပြုမေးမြန်းထားချက်မပါဘဲ ၊ သတင်းလုပ်ငန်းစဉ်နဲ့ အညီ ဖော်ပြရေးသားကြတဲ့ သတင်းဌာနတွေရဲ့ ဖော်ပြမှု မဟုတ်ဘဲ ပုဂ္ဂလိက ရော်ရမ်းမှန်းဆမှုကို ဖော်ပြထားတဲ့ အချက်အလက် အမှား တစ်ခု သာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်အတွင်းကလည်း ဒေါ်အောင်ဆန်းစုကြည် အတု၊ လူစားထိုးထားတဲ့ ဒေါ်အောင်ဆန်းစုကြည် ဆိုတဲ့ သတင်းအချက်အလက်အမှားတွေ ကို ဖေ့စ်ဘွတ်မှာ ဖြန့်ချိခဲ့တာတွေလည်း ရှိခဲ့ပါတယ်။

ငြမ်းမီဒီယာ


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , ,