UEC က မှန်ကန်တဲ့ဘက်က ရပ်တည်ပေးရမယ့်အစား မမှန်ကန်တာကိုရပ်တည်တာကတော့ လွဲတယ်

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

MKL / ကချင်အမျိုးသားကွန်ဂရက်ပါတီဥက္ကဌ ဒေါက်တာအမ်ကောန်လ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံပွဲအခြေအနေတချို့အား ကချင်အမျိုးသားကွန်ဂရက် ပါတီ (KNC) ဥက္ကဌ ဒေါက်တာMကောန်လကို ငြမ်းမီဒီယာက ဆက်သွယ်မေးမြန်းထားသည်။

ငြမ်းမီဒီယာ – ဇွန်လ (၂၇) ရက်နေ့က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တွေနဲ့ နိုင်ငံရေးပါတီတွေ တွေ့ဆုံပွဲက အခြေအနေဘယ်လိုရှိပါသလဲ။

Dr.MKL – အဲဒီကိစ္စကို မူလအခြေအနေက စပြောပြမယ်။ နံပါတ်တစ်အချက်က အပြန်အလှန်လေးစားမှုမရှိလို့ဖြစ်တာ။ အပြန်အလှန်လေးစားမှုဆိုတာ ဒီဟာက နိုင်ငံတော် အခမ်းအနားကြီးဖြစ်တယ်။ ပထမနေ့ Signing Ceremony ကတည်းက စပြဿနာဖြစ်တယ်။ အဲဒီကနေ တွေ့ဆုံပွဲနေ့ ကျတော့ အရှိန်မြင့်သွားတာ။ အခြေခံက Signing Ceremony ၊ COC လက်မှတ်ထိုးပွဲပေါ့။ အဲဒီဟာမှ စပြဿနာ ဖြစ်တယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ဆိုတာ နိုင်ငံတော်ရဲ့ အရေးကြီးတဲ့ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းကြီးတစ်ခု၊ မဏ္ဍိုင်ကြီးတစ်ခုဖြစ်တယ်။ အဲဒီအဖွဲ့ အစည်းက ဥက္ကဌတစ်ဦးအနေနဲ့ စကားပြောတာ သတိ မထားလို့မရဘူး။ နံပါတ်တစ် လူကြီးလူကောင်းဆန်ရမယ်။ သူက Emotion များတယ်။ Emotion များတဲ့အခါကျတော့ မလိုအပ်တာတွေပြောတယ်။ မလိုအပ်တာတွေပြောတာကတွေ့ဆုံ ပွဲတွေမှာ သူပြောလေ့ပြောထရှိတယ်။

ဒါပေမယ့် အဲဒီနေ့မှာ တချို့ပါတီတွေက လက်မှတ်မထိုးကြဘူးလေ။ အဲဒီမှာ နည်းနည်းမကျေမလည်တွေ ဖြစ်ကုန်တယ်။ အဲဒီမကျေမလည်ဖြစ်မှုတွေက တွေ့ဆုံပွဲနေကျတော့ အရှိန်တက်သွားတာ။

မြို့မိမြို့ဖဆိုတာ တော်ရုံတန်ရုံလူက ‘သြော် မြို့မိမြို့ဖတွေက ရွေးထားတာပဲ။ ဒါဟုတ်ပြီဟ’ ဆိုပြီးတွေးသွားနိုင်တယ်။ ဒါ အဲဒီလိုမျိုး ပုံမှားရိုက်တာ။ အများပြည်သူနဲ့ ဆိုင်တဲ့ဟာကို…

ကျနော်မြင်တာတော့ UEC ဘက်က စမှားတာ။ ပထမအမှားက ခုနက UEC ဥက္ကဌပဲ။ ဥက္ကဌက အဖွင့်မိန့်ခွန်းမှာ Ceremony နဲ့ဆိုင်တာကိုပဲ ပြောရမယ့်အစား စောစောက လက်မှတ်မထိုးတဲ့ကိစ္စကို တော်တော်လေးဝေဖန်တယ်။ နိုင်ငံခြားသံတမန်တွေ အယောက် (၂၀) နီးပါး လောက်ရှေ့ မှာ ဝေဖန်တယ်။ ဝေဖန်တာကလည်း အချက်အလက်ကို သူသေသေချာချာမသိဘဲ ဝေဖန်တာ။ ဆိုတော့ စင်အောက် က နိုင်ငံရေးပါတီတွေက အဲဒီကတည်းက စမကျေနပ် ဖြစ်နေပြီ။

အဲဒီမှာ နောက်ဒုတိယတစ်ဦး၊ အဲဒါတော့ နာမည်နဲ့တပ်ပြောရမယ်။ ဦးမြင့်နိုင်ပေါ့။ ဦးမြင့်နိုင်ကပိုဆိုးတယ်။ နိုင်ငံရေးပါတီတွေဘက်က တက်လာတာ ခေါင်းဆောင်တွေ၊ ပါတီဥက္ကဌတွေ၊ CEC တွေ စတဲ့ ဦးဆောင်တဲ့ သူတွေ များတယ်။ အဲဒီမှာ သူက တက်လာတဲ့နိုင်ငံရေး ပါတီတွေကို မလေးစားဘူး။ ‘ခင်ဗျားတို့ ဥပဒေကိုမဖတ်ဘူး မဟုတ်လား’ ၊ ‘မဖတ်ရင် ကျနော်ပဲဖတ်ပြလိုက်မယ်’ ဘာညာ စသဖြင့် ရန်စသလိုစကားတွေပြောတယ်။ ဆိုတော့ နိုင်ငံရေးသမားက ဒီလိုမျိုးပြောလို့တော့မရဘူး။

နိုင်ငံရေးပါတီကလူတွေဆိုတာက ဘက် ပေါင်းစုံ၊ ကဏ္ဍပေါင်းစုံလုပ်နေရတာ ဒီလောက်များတဲ့ဟာတွေကို မေ့တာလည်းရှိမှာပေါ့။ ကျနော်ကိုယ်တိုင်တောင် ဒီလောက် ကျွမ်းကျွမ်းကျင်ကျင် ရှိတာတောင် မေ့တာတွေရှိတယ်။ အဲဒီလိုမျိုးတွေဆိုတော့ သူကဒါကို ဆွဆွပြီးပြောတယ်။

သူ့မှာက အမှန်အတိုင်းပွင့်ပွင့်လင်းလင်းပြောရရင် UEC အလုပ်တစ်ခုတည်းရှိတာ။ ဒီနိုင်ငံရေးပါတီတွေဆိုတာ သူတို့ထက် အများကြီး ကျယ်ပြန့်တယ်ဗျာ။ ကဏ္ဍပေါင်းသောင်းခြောက် ထောင်ကိုလုပ်နေရတာ။ ရွေးကောက်ပွဲ တစ်ခုတည်းမဟုတ် ဘူးလေ။ အဲဒီမှာ ကတည်းက ကျနော်အပါအဝင် ကျန်တဲ့လူတွေ တော်တော်များများစိတ်ဆိုးသွားတယ်ဗျ။ ပွင့်ပွင့်လင်းလင်းပြောရရင် စိတ်ထဲမှာတော်တော် မခံချိမခံသာဖြစ်တယ်။ ထပြန်ဖို့တောင် စဉ်းစားကြသေးတယ်။ အဲဒီလိုမျိုးအနေအထားရှိတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

တွေ့ဆုံပွဲ အခင်းအကျင်းကလည်း ကျနော်တို့နိုင်ငံရေးပါတီက ခေါင်းဆောင်တွေကပဲ တပည့်တွေလိုလို၊ သူတို့က ပဲ ဆရာတွေလိုလိုဖြစ်အောင် ခင်းကျင်းထားတယ်။ စင်အောက်မှာ ခုံတွေကို Social Distancing အရ နေရာချထားပေးပေမယ့် …

ဒါကကျနော်တို့တိုင်းရင်းသားပါတီတွေပဲရှိသေးတယ်။ ဟိုဘက် လက်မှတ်မထိုးတဲ့ပါတီ (၃၀) အဖွဲ့ကဆို ပိုဆိုးမှာပေါ့။ အဲဒီလိုပြောဆိုမှုတွေက ရန်စမှုတွေဖြစ်တယ်။ အဓိကက အပြန်အလှန်လေးစားမှုမရှိလို့ဖြစ်တာပေါ့။ အဲဒီအခင်းအကျင်းကစတာ။ ဒါကပထမပိုင်း။

နောက်ဒုတိယပိုင်းမှာ နိုင်ငံရေးပါတီတွေဘက်က မေးခွန်းတွေမေးတယ်။ မေးခွန်းတွေမေးတဲ့နေရာမှာလည်း ကျေနပ်လောက်ဖွယ် အဖြေမပေးနိုင်ဘူး။ ဝေ့လည်ဝေ့လည်လုပ်နေတယ်။ အဲဒီမှာ အဓိကက ‘မြို့မိမြို့ဖ’ဆိုတာသုံးတာနဲ့ ဗိုလ်ချုပ်ရုပ်ပုံသုံးတာ တင်တဲ့အချက် ပါတီ (၃၀) က မေးတဲ့အထဲပါတယ်။ နောက် တစ်ခုက ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံချိတ်ဆွဲခြင်းပေါ့။ အဲဒါလည်း အခုအငြင်းပွားနေတာ။ အဲဒီမှာလည်း ပွင့်ပွင့်လင်းလင်း ပြောရင် သူတို့ UEC ဘက်က ဥပဒေကိုမကျေညက်ဘူး။ COC ကို မကျေညက်ဘူး။ COC Review ကို သူတို့လုပ်ထားတယ်ဆိုပေမယ့် COC အခန်းတစ်၊ အပိုဒ် (၂) ၊ (ဂ) တို့၊ အပိုဒ် (၃) (ဃ) (စ) တို့အရဆိုရင် ‘မြို့မိမြို့ဖ’ ဆိုတဲ့ကိစ္စက တိုက်ရိုက်ငြိစွန်း နေတာ။

အခန်းတစ်၊ အပိုဒ် (၂) ၊ (ဂ) က ဘယ်လိုပြောထားသလဲဆိုတော့ လူသားအရင်းအမြစ်ကို မလျော်သြဇာသုံးတာ။ မမှန်မကန်သုံးတာပေါ့။ မြို့မိမြို့ဖဆိုတာ လူသားအရင်းအမြစ်ပဲဗျာ။ အဓိပ္ပါယ်ဖွင့်ဆိုရင် ဒါတွေထွက်လာမှာ။ ပြောရရင်ကျယ်ပြန့်တယ်။ နောက်တစ် ခု အပိုဒ် (၃) (ဃ) နဲ့ (စ) မှာ (စ) ကကျတော့ မသိနားမလည်တဲ့လူထုကို ထင်ယောင်ထင်မှားဖြစ်အောင်လုပ်တာ။ အဲဒါတွေနဲ့ သွားငြိတာ။

မြို့မိမြို့ဖဆိုတာ တော်ရုံတန်ရုံလူက ‘သြော် မြို့မိမြို့ဖတွေက ရွေးထားတာပဲ။ ဒါဟုတ်ပြီဟ’ ဆိုပြီးတွေးသွားနိုင်တယ်။ ဒါ အဲဒီလိုမျိုး ပုံမှားရိုက်တာ။ အများပြည်သူနဲ့ ဆိုင်တဲ့ဟာကို တစ်စုတစ်ဖွဲ့ကသုံးတာကို COC က ကန့်သတ် ထားတယ်။ အဲဒါ အပြန်အလှန်လေးစားခြင်းဆိုတဲ့ အခန်း တစ် ခေါင်းစဉ်အောက်မှာရှိတယ်။ အဲဒါကိုသိသိနဲ့ မှန်ကန်ပါတယ်ဆိုပြီး NLD ဘက်ကို Bias လုပ်တာ။ အဲဒီမှာပိုပြီး ဒေါသတွေထွက်ကုန်တာ။

ကိုယ်မပြင်ခဲ့တဲ့ဟာကို၊ ဥပဒေအရအသက်ဝင်နေတဲ့ဟာကို ‘ငါတို့လုပ်တယ်ကွ၊ ဘာဖြစ်လဲ’ ဆိုတဲ့ပုံစံမျိုးကတော့ မရဘူး။ ဒီလိုလုပ်လို့တော့မရဘူး။ ဥပဒေငြိစွန်းတာက ငြိစွန်းတာပဲ။ အဲဒီမှာလည်း …

နောက်တစ်ခါ ဗိုလ်ချုပ်ရုပ်ပုံချိတ်ဆွဲခြင်းမှာလည်း ဒီလိုပဲ။ ဥပဒေကပြဌာန်းထားတာ ရှင်းရှင်းလေး။ ၂၀၁၅ ခုနှစ်၊ မတ်လ (၁၇) ရက် နေ့မှာ ပြင်ဆင် ထားတယ်။ မူရင်းဥပဒေက ၁၉၅၄ ခုနှစ်၊ အောက်တိုဘာလ (၉) ရက်နေ့မှာ ပြဌာန်းထားတာ။ အဲဒါကို USDP အစိုးရလက်ထက်မှာ ပြင်ဆင်ထားတယ်။ ဆိုတော့ အခုရွေးကောက်ပွဲဒီမိုကရေစီခေတ်မှာ ကိုယ့်လက်ထက် ကိုယ်ပြင်လို့ရရင် ပြင်ခဲ့လေဗျာ။

ကိုယ်မပြင်ခဲ့တဲ့ဟာကို၊ ဥပဒေအရအသက်ဝင်နေတဲ့ဟာကို ‘ငါတို့လုပ်တယ်ကွ၊ ဘာဖြစ်လဲ’ ဆိုတဲ့ပုံစံမျိုးကတော့ မရဘူး။ ဒီလိုလုပ်လို့တော့မရဘူး။ ဥပဒေငြိစွန်းတာက ငြိစွန်းတာပဲ။ အဲဒီမှာလည်း ဥပဒေကြောင်းအရ မှန်ကန် ပါတယ်ဆိုပြီး UEC က ထောက်ခံတယ်။ ထောက်ခံတဲ့စကားတွေ ပြောတယ်။ ‘ရတယ်’ တဲ့။ ‘အဲဒါ ခင်ဗျားတို့လည်း သုံးပါ’ ဆိုတော့ . . ။ UEC က ဒိုင်လူကြီးအနေနဲ့ မှန်ကန်တဲ့ဘက် က ရပ်တည်ပေးရမယ့်အစား မမှန်ကန်တာကို ရပ်တည်တာကတော့ လွဲတယ်လို့ ကျနော်ပြောလိုတယ်။ အဲဒီလိုကြီးက လုံးဝလွဲနေတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

နိုင်ငံရေးပါတီဥက္ကဌတစ်ယောက်က မေးခွန်းထမေးတဲ့အခါမျိုးမှာ ကျနော်တို့က ကျောင်းသားလူငယ်လေးတွေလို မတ်တပ်လေးတွေရပ်ပြီး သူတို့ကိုမေးရတယ်။ ကိုယ်က နဂိုကတည်းကစိတ်ခံစားမှုက …

ပုဒ်မ (၃) ပြဌာန်းချက်ကို ပုဒ်မ (၄) Exception ရှိတယ်။ ခြောက်ခုရှိတယ်။ အဲဒီခြောက်ခုထဲမှာမပါဘဲနဲ့ UEC က ‘ရပါတယ်’ ဆိုပြီး အတင်းထောက်ခံတာ။ အဲဒီတော့ အဲဒီပြသနာတက်တာပေါ့။ ဒါကို အခြေခံပြီး ပြဿနာတက်တာ။ အဓိကက စကားပြောတာ မယဉ်ကျေးတာပဲ။ အဲဒီတွေ့ဆုံပွဲ အခင်းအကျင်းကလည်း ကျနော်တို့နိုင်ငံရေးပါတီက ခေါင်းဆောင်တွေကပဲ တပည့်တွေလိုလို၊ သူတို့က ပဲ ဆရာတွေလိုလိုဖြစ်အောင် ခင်းကျင်းထားတယ်။ စင်အောက်မှာ ခုံတွေကို Social Distancing အရ နေရာချထားပေးပေမယ့် ပါတီဥက္ကဌတွေရဲ့ ဂုဏ်သိက္ခာနဲ့မလျော်ညီတဲ့ခုံတွေနဲ့ပေါ့။

ဒါကလည်း အဆင်ပြေသလိုလုပ်လိုက်ရတယ်ဆိုသော်လည်း ဥပမာ နိုင်ငံရေးပါတီဥက္ကဌတစ်ယောက်က မေးခွန်းထမေးတဲ့အခါမျိုးမှာ ကျနော်တို့က ကျောင်းသားလူငယ်လေးတွေလို မတ်တပ်လေးတွေရပ်ပြီး သူတို့ကိုမေးရတယ်။ ကိုယ်က နဂိုကတည်းကစိတ်ခံစားမှုက မကောင်းရတဲ့ ကြားထဲ ကိုယ်မေးခွန်းမေးနေတုန်း စကားမဆုံးသေးခင် သူတို့က စင်ပေါ်ကနေဖြတ်ပြောလိုက်၊ တောင်ပြောလိုက် မြောက်ပြောလိုက် လုပ်လိုလုပ်၊ ရိသလို ထေ့သလိုတွေလုပ်၊ အဲဒီလိုလုပ်လို့ ပြဿနာကပိုကြီးသွားတာ။ ဒါ ကျနော်က တစ်စိတ်တစ်ပိုင်း မတက်ခဲ့ဘူး။ ဒုတိယပိုင်းမှာ ကျနော်ပြန်လာခဲ့တာ။ ကျနော့်မှာအလုပ်ကိစ္စ ရှိတာလည်းပါတာပေါ့။

ပွင့်ပွင့်လင်းလင်းပြောရရင် မကြိုက်တာလည်းပါတယ်။ အဲဒီဒုတိယပိုင်းမှပိုဆိုးသွားတာ။ ဒါပေမယ့် ကျနော်တို့ UNA ပါတီအဖွဲ့ဝင်တွေကို အသေးစိတ်မေးကြည့်တော့ ဒုတိယပိုင်းအခြေအနေကိုလည်း တိတိကျကျသိရပါတယ်။ ဆိုတော့ နိုင်ငံရေးပါတီတွေဘက်က ပိုပြီးဒေါပွလာပြီး အခမ်းအနားတစ်ခုနဲ့မတူတော့ဘူးပေါ့။ ရပ်ကွက်ရန်ပွဲလိုဖြစ်သွားတာပေါ့။ ဒါလုံးဝမသင့် လျော်တဲ့ကိစ္စပဲ။ ဒါ ကျနော်မြင်တဲ့အမြင်ကိုပြောပြတာ။

ငြမ်းမီဒီယာ – KNC ပါတီကတင်ပြခဲ့တဲ့ (၃) ချက်နဲ့ပတ် သက်တဲ့ အခြေအနေကရော ဘယ်လိုရှိပါသလဲ။

မဲစာရင်းကောက်ပြီးပြီဆိုတဲ့ဟာက စာရင်းကောက်ပြီးလို့ နောက်မှလာတဲ့လူ မရဘူးဆိုတာ သူကစင်ပေါ်ကသာပြောနေတယ်။ မြေပြင်မှာက ရနေတယ်။ အဲဒါဘယ်လိုလုပ်မလဲ။ မြေပြင်မှာ …

Dr.MKL – ကျနော်တို့တင်ပြတာက (၃) ခု။ ရက်ပေါင်း (၉၀) နေထိုင်သူပေါ့။ အဲဒီ ရက်ပေါင်း (၉၀) နေထိုင်သူဆိုတာ သြဂုတ်လဆန်းမှာ အတည်ပြုပြီးဖြစ်ရမယ်။ ဒါကိုဘယ်လိုအတည်ပြုသလဲ မေးခွန်းမေးတာ။ ဒီမေးခွန်းကို UEC ကဖြေတာက ‘ အခုမဲစာရင်းတွေ ကောက်ပြီးပြီ။ ဒါကြောင့်စိတ်မပူနဲ့’ လို့ပဲပြောတယ်။ ဒါပေမယ့် ရက်ပေါင်း (၉၀) ကိုဘယ်လိုသတ်မှတ်မလဲဆိုတာကိုတော့မပြောဘူး။ ကျနော်ပြောတာက အခုဇူလိုင်၊ အချိန်တစ်လ ရသေးတယ်။ ဒါကို UEC ဘက်က ဘယ်လိုပြင်ဆင်မလဲ။ ဒါက ကျနော်တို့သိဖို့လိုတယ်လေ။

အဲဒီတော့ကျနော်ကတည့်တည့်ပဲပြောလိုက်တယ်။ ‘ကချင်ပြည်နယ်မှာ ကျနော်တို့ KNC က စစ်မှာ’ လို့။ ကျနော်တို့က ဒါကို စုံစမ်းစစ်ဆေးရလိမ့်မယ်။ ဘာကြောင့်လည်းဆိုတော့ ကြိုတင်မဲပေးတဲ့အချိန်ကျ ဒါကပြဿနာ ဖြစ်လာမယ့်ကိစ္စဖြစ်တယ်။ သေချာတယ်။ ဘာကြောင့်လည်းဆို ကျနော် တို့ဆီမှာရွေ့ပြောင်းများတာကိုး။ အဲဒီအတွက် ကျနော်တို့က အဖြေသိချင်လို့ တိတိကျကျမေးတာကို မဖြေဘူး။ မဖြေဘဲနဲ့ မဲစာရင်းကောက်ပြီးပြီပဲ ပြောနေတယ်။

ဧည့်နိုင်ငံသားကိုတော့ ဘယ်သူမှမဲပေးခွင့်မပေးဘူး။ ဒါကို ဒီနိုင်ငံမှာ ဘာဖြစ်လို့ပေးတာလဲ။ ဒီကိစ္စက USDP လက်ထက်ကတည်းက။ ဒါကသူတို့အကြောင်းနဲ့သူတို့။ ကိုယ်က ဒီဘက်မှာဒီမိုကရေစီလို့ ကြွေးကြော်နေသူတွေ၊ ပြည်သူ့အစိုးရလို့ကြွေးကြော်နေသူတွေဆိုတော့ …

မဲစာရင်းကောက်ပြီးပြီဆိုတဲ့ဟာက စာရင်းကောက်ပြီးလို့ နောက်မှလာတဲ့လူ မရဘူးဆိုတာ သူကစင်ပေါ်ကသာပြောနေတယ်။ မြေပြင်မှာက ရနေတယ်။ အဲဒါဘယ်လိုလုပ်မလဲ။ မြေပြင်မှာ မှတ်ပုံတင်လေးကိုင်လာပြီး အိမ်ထောင်စုဇယားလေးဖြည့်လာရင် အဲဒါက ရက်ပေါင်း (၉၀) ထဲမပါဘဲ ရိုးရိုးမဲပေးသူထဲပါသွားမှာလေ။ ကျနော်တို့လည်းသိမှာမဟုတ်ဘူး။ ဒါမျိုးတွေကိုဘယ်လို ထိန်းချုပ်မလဲ။ ခုက သူတို့မဲစာရင်းတွေကို အကုန်လုံးမြေလှန်ပြီး ကျနော်တို့ကစစ်ရမလို ဖြစ်နေတယ်။ လွယ်တော့မလွယ်ဘူး။

ဒါပေမယ့် အခုက အဲဒီလိုပုံစံဖြစ်နေတယ်။ အဲဒါကို UEC ကရှင်းပေးရမှာ။ နောက်တစ်ခါ နံပါတ်နှစ်က မဲရုံကိစ္စ။ မဲရုံကိစ္စက နဂိုသူတို့သတ်မှတ်တာက လူဦးရေ(၃၀၀)ကနေ (၃၀၀၀) ပေါ့။ ဒါပေမယ့် တောင်ပေါ်ဒေသတွေမှာက ဝေးလံခေါင်ဖျားတွေက လာရမှာဆိုတော့ လူဦးရေလျော့ပေးဖို့ပြောတာ။ အဲဒီမှာတော့ (၁၅၀) အထိလျော့မယ်ပြောတယ်။ ဒါပေမယ့် ဒါကိုလည်း ကျနော်တို့က ကချင်ပြည်နယ် UEC မှာသွားပြီး စာရင်းတွေမြေလှန်စိစစ်မှရမယ်။ ဥပမာ ဆော့လော်လိုဟာမျိုး၊ ခေါင်လံဘူးလိုဟာမျိုး၊ နောင်မွန်လိုဟာမျိုး၊ ချီဖွေလိုမျိုး၊ တနိုင်း၊ မန်စီ၊ မိုးမောက်။ အဲဒီမှာ ရွာလေးတွေက အများကြီးပဲ။ အိမ်ခြေ ဆယ်အိမ်စုလောက်ပဲရှိတဲ့ ရွာလေးတွေလည်းရှိတယ်။ အဲဒီလူတွေ အကုန် မဲပေးနိုင်ဖို့လိုတယ်။

ဒါတွေက သက်ဆိုင်ရာပြည်နယ်လူမျိုးစုရဲ့ လူမျိုးရင်းတွေဖြစ်တယ်။ ဒီလူတွေမဲပေးမှ ပြည်နယ်ပါတီက အခြေအနေကောင်းမယ်။ အဲဒီလို တကယ့် ဝေးလံခေါင်ဖျားတဲ့နေရာတွေအတွက် သူတို့ဘယ်လိုလုပ်သလဲပေါ့။ နို့မို့ဆို နိုင်ငံသား အခွင့်အရေး၊ မဲပေးခွင့်ဆုံးရှုံးသွားမှာ။ ဒါကျနော်တို့ပြောတော့ သူတို့ဘက်က မူအားဖြင့်တော့သဘောတူထားတယ်။ အဲဒါတော့ကျနော်တို့ကျေနပ်တယ်။ အခုက ရွေ့ပြောင်း လုပ်သားတွေကများလာတယ်။ တကယ့်ဌာနေ လူမျိုးစုတွေရဲ့ အခွင့်အရေးကျတော့ တိတိကျကျမဖြစ်ဘူး။ အဲဒီလိုဖြစ်နေတာ။

နောက် ဆုံးတစ်ခုကတော့ နိုင်ငံသားမဲပေးခွင့်ပေါ့။ ပုံမှန်အတိုင်းဆို ရွေးကောက်ပွဲဆိုတာ နိုင်ငံတစ်ခုရဲ့ Sovereignty ကို လူထုကပေးတာ။ ဆိုတော့ အဲဒါက နိုင်ငံသားတွေနဲ့ပဲဆိုင်တယ်။ ဧည့်နိုင်ငံသား၊ ပြုနိုင်ငံသားတွေနဲ့တော့ မပတ်သက်ဘူး။ တခြားနိုင်ငံတွေမှာဆိုရင်လည်း ဒါ ပြုနိုင်ငံသားအဆင့်လောက် အထိတော့ ပေးကြတယ်။ ဧည့်နိုင်ငံသားကိုတော့ ဘယ်သူမှမဲပေးခွင့်မပေးဘူး။ ဒါကို ဒီနိုင်ငံမှာ ဘာဖြစ်လို့ပေးတာလဲ။ ဒီကိစ္စက USDP လက်ထက်ကတည်းက။ ဒါကသူတို့အကြောင်းနဲ့သူတို့။ ကိုယ်က ဒီဘက်မှာဒီမိုကရေစီလို့ ကြွေးကြော်နေသူတွေ၊ ပြည်သူ့အစိုးရလို့ကြွေးကြော်နေသူတွေဆိုတော့ ဒါတွေက အစကတည်းက ပြင်ဆင်ချက်မှာလုပ်ရမယ့်ဟာတွေ။ ဒီလောက်အရေးကြီးတဲ့ နိုင်ငံတော်အချုပ်အခြာအာဏာနဲ့ ပတ်သက်တဲ့ဟာကိုတော့ မပြင်ဘဲနဲ့ ရက် ပေါင်း (၉၀) ကိစ္စကိုတော့ပြင်တယ်ဗျာ။ ကျနော်ပြောလိုတာက အဲဒါပဲ။ သူတို့ရဲ့လုပ်ဆောင်မှုက လွဲနေတာကိုပြောတာ။

UEC အဖွဲ့ဝင်တစ်ယောက်ရဲ့ ရှိသင့်ရှိထိုက်တဲ့ယဉ်ကျေးမှုမရှိဘူး။ အဲဒီလိုယဉ်ကျေးမှုမရှိတော့ ‘ဇ’ ရှိတဲ့နိုင်ငံရေး ပါတီတွေနဲ့တွေ့တော့ အဲဒီမှာကွဲတာ။ အဲဒီမှာပြဿနာဖြစ်တာ။ ကျနော့်အမြင်ကတော့ …

အဲဒီမှာ ဧည့်နိုင်ငံသားကို မဲပေးခွင့်ပေးတာကတော့၊ ရတယ်ခင်ဗျားတို့ လည်းမပြင်ဘူး။ ဒါပေမယ့် အဲဒီဧည့်နိုင်ငံသားကို ဘယ်လိုစီမံခန့်ခွဲမလဲဆိုတဲ့ မေးခွန်းကရှိတယ်။ ဥပမာဗျာ ကျနော်တို့ တရုတိနယ်စပ်ဖက်မှာဆို နူဂျန်ပြည်နယ် (Nujiang) ထဲကဝင် လာတာတွေအများကြီးပဲ။ အဲဒါတွေက ဆော့လော်မှာ လီဆူးပါတီအနိုင်ရအောင် အကောင်အထည်ဖော်တာတွေရှိတယ်။ ဒါမျိုးတွေကိုပြောတာ။ အဲဒါကကျနော်တို့ကချင်ပြည်နယ် ထဲမှာဖြစ်နေတာတွေ။

တကယ်လည်း ပြီးခဲ့တဲ့ရွေးကောက်ပွဲတုန်းက ဆော့လော်မှာ လီဆူးပါတီနိုင်တယ်။ ဒါက ဧည့်နိုင်ငံသားမဲပေးခွင့်ကြောင့်ဖြစ်နေတာ။ အဲဒီအခါ ကျတော့ ဒီဧည့် နိုင်ငံသားဆိုတဲ့ ခိုးဝင်တွေ၊ တချို့က ဟိုဘက် ဒီဘက် ရောနေတာ၊ ဥပမာ အိန္ဒိယထဲမှာ ကျနော်တို့ ဂျိန်းဖောတွေရှိသလို ပေါ့။ ဆိုတော့ ရွေးကောက်ပွဲနီးတဲ့အချိန်ခဏလေးလာပြီး ဧည့်နိုင်ငံသားလာလျှောက်ပြီ။ အမှန်ကတော့ ဥပဒေအရဆို ဟိုဘက်နိုင်ငံသားစွန့်လွှတ်ကြောင်း အထောက်အထားပါရမယ်။ အဲဒီတော့ ဒီအနေအထားမျိုးတွေက မြေပြင်မှာတိတိကျကျထွက်တာလည်းရှိတယ်၊ မထွက်တာတွေလည်းရှိတယ်။ ဒီလူတွေကမဲပေးဖို့အတွက် ဧည့်နိုင်ငံသား ခဏလာလုပ်တယ်။ မဲပေးပြီးတဲ့အခါ ဘယ်ရောက်သွားမှန်းမသိဘူး။

အဲဒါလက်ရှိ ကျနော်တို့ကချင်ပြည်နယ်ထဲမှာ ဖြစ်နေတာတွေ။ အဲဒီအခြေအနေတွေကို ကောင်းမွန်မှန်ကန်အောင်၊ တော်တည့် အောင် ဘယ်လိုဆောင်ရွက်မလဲဆိုတာသိချင်တာ။ ဒီလိုအခက်အခဲတွေရှိတယ်ဆိုတာ သူတို့ UEC ကလည်းသိတယ်။ သိတာကို သိသိနဲ့ ယေဘုယျသဘောဖြေလို့ မရဘူး။ ကျနော်တို့က တိတိကျကျမေးရင် တိတိကျကျဖြေရမယ်လေ။ ကျနော်တို့က နိုင်ငံရေးပါတီတွေဖြစ်နေတာကိုး။ သာမန်အရပ်သားတွေကိုဖြေသလို ဖြေလို့မရဘူး။ အဲဒါကိုလည်းမဖြေဘူး။ မဖြေဘဲ ကျနော့်ကိုပါ စော်ကားမော်ကားပြောတယ်။ ‘ဥပဒေမဖတ်ဘူးလား၊ ဥပဒေမဖတ်ဘူးလား’ ဆိုပြီးစော်ကားတယ်။ UEC က မှန်ကန်တဲ့ ဘက်က ရပ်တည်ပေးရမယ့် အစား မမှန်ကန်တာကိုရပ်တည်တာကတော့ လွဲတယ်။

ဒါကျနော်တစ်ဦးတည်းကိုမဟုတ်ဘူးနော်။ တခြားနောက်လူတွေကိုပါ တော်တော်များများစော်ကားတာ။ ပုံစံ (၁၂) မသိရကောင်းလား၊ (၁၀) မသိရကောင်းလား၊ (၉) မသိရကောင်းလား၊ (၁၅) မသိရကောင်းလားတွေလုပ်တာ။ ဆိုတော့ အဲဒါကဘာမှအရေးမပါတဲ့ကိစ္စ၊ သူတို့ထုတ်တဲ့စာအုပ် တစ်မိနစ်လောက်ကြည့်လိုက်ရင် အားလုံးသိနိုင်တဲ့ကိစ္စကို ဘာလို့ခေါင်းထဲအားလုံးထည့်ထားရမှာတုန်း။ ကျနော် တို့မှာ ဒီထက်အရေးကြီးတာတွေ အများကြီး လုပ်နေရတာ။ အဲဒီမှာ ‘စာအုပ်မဖတ်ဘူးလား’ တို့ ကျနော့်ကိုလည်း ‘ခင်ဗျား ဥပဒေကို မသိဘူးနဲ့တူတယ်’ တွေလုပ်တာ။ အဲဒီလိုမျိုး စော်ကားပြီးတော့ စကားကိုဆွဆွပြီး . . ပြောရရင် မယဉ်ကျေးတာပေါ့ဗျာ။

UEC အဖွဲ့ဝင်တစ်ယောက်ရဲ့ ရှိသင့်ရှိထိုက်တဲ့ယဉ်ကျေးမှုမရှိဘူး။ အဲဒီလိုယဉ်ကျေးမှုမရှိတော့ ‘ဇ’ ရှိတဲ့နိုင်ငံရေး ပါတီတွေနဲ့တွေ့တော့ အဲဒီမှာကွဲတာ။ အဲဒီမှာပြဿနာဖြစ်တာ။ ကျနော့်အမြင်ကတော့ အဲဒါပဲ။ ဒီကိစ္စက အခြေခံကိုက မယဉ်ကျေးလို့ဖြစ်တာ။ ယဉ်ကျေးရင်ဘာမှမဖြစ်ဘူး။ သူ့ဘက်က လေးလေးစားစားနားထောင်မယ်၊ လေးလေးစားစားဖြေမယ်ဆိုရင် ဒီအဆင့်ထိမရောက်ဘူး။

ဧည့်နိုင်ငံသားမဲပေးခွင့်ကို နည်းဥပဒေပြင်ပြီး သူဖြုတ်ချခဲ့ရမှာ။ ရက်ပေါင်း (၉၀) က ဒီဟာလောက်အရေးမကြီးဘူး။ ဒါပေမယ့် အကျိုးစီးပွားကို ရည်မျှော်ပြီး ရပ်တည်တာက သူ့ကို ဂုဏ်သိက္ခာကိုကျစေတာပဲ။ …

ငြမ်းမီဒီယာ – Code of Conduct ကို ပါတီပေါင်း (၃၀) က လက်မှတ်မထိုးဘူးလို့သိရပါတယ်။ KNC ကတော့ထိုးခဲ့တယ်။ အဲဒီလို လက်မှတ်မထိုးခြင်းရဲ့အကျိုးဆက်က ဘာတွေရှိပါသလဲ။

Dr.MKL – Code of Conduct က ကျင့်ဝတ်ပဲ။ သူက ဥပဒေရဲ့ချည်နှောင်ခြင်းမရှိဘူး။ ဆိုတော့ Code of Conduct ကို ဖောက်ဖျက်လို့ တရားစွဲမယ်တို့၊ ပြစ်ဒဏ်တစ်နှစ်ချမယ် တို့၊ ခြောက်လချမယ်တို့ မရှိဘူး။ သူက အဲဒီဟာတွေနဲ့ မဆိုင် ဘူး။ သူက ဂုဏ်သိက္ခာနဲ့ပဲဆိုင်တယ်။ ပါတီရဲ့ဂုဏ်သိက္ခာ၊ သူ့ရဲ့ဂုဏ်သိက္ခာကို ထိန်းကျောင်းတာ။ ဒါပဲ။ ဆိုတော့ လက်မှတ် ထိုးတယ်၊ မထိုးဘူးဆိုတာ ဘာမှအရေးမပါဘူး။

ပွင့်ပွင့်လင်းလင်းပြောရင် လက်မှတ်မထိုးလည်း ဒီ Code of Conduct က အသက်ဝင်မှာပဲ။ လက်မှတ်မထိုးလို့ ငါတို့နဲ့ မဆိုင်ဘူးပြောလို့ မရဘူး။ Monitoring ကော်မတီ MCOM ဆိုတာဖွဲ့ထားတယ်။ ခုနောက်ဆုံး အနေနဲ့ ဖွဲ့ထား တာ။ အဲဒီတော့ လက်မှတ်မထိုးထားလည်း ချိုးဖောက်ရင် ကျနော်တို့က Notice ပို့မှာ။ ဘာကြောင့်လည်းဆိုတော့ လက်မှတ်ထိုးထားတာ (၆၄) ပါတီရှိတယ်ဗျ။ ဆိုတော့ Majority ကအားကောင်းနေတယ်။ ဆိုတော့ ဂုဏ်သိက္ခာ အရ ဖြစ်နေတော့၊ ‘ဒါကတော့ ခင်ဗျားတို့အနေနဲ့ ဂုဏ်သိက္ခာအရ မလုပ်သင့်ဘူး’ ၊ ‘ဒီကြေညာချက်လေးတော့ ပြန်ရုပ်သိမ်းပေးပါ’ စသဖြင့် ကောင်းကောင်းမွန်မွန်ပြောမယ်။ အဲဒါကိုမှ ‘ငါမထိုးလို့မရုပ်သိမ်းဘူး’ ဆိုလည်း လူထုကို ကျနော်တို့က Statement ထုတ်ပေးလိုက်ရုံပဲ။ အဲဒီတော့ ထိုးတယ်/မထိုးဘူးဆိုတာ ဘာမှအရေးမကြီးဘူး။ ဂုဏ်သိက္ခာအရ တန်ဖိုးဖြတ်တာပေါ့။

ကျနော့်အယူအဆအရတော့ အငြင်းပွားဖွယ်တစ်ချက်နှစ်ချက်လောက်နဲ့ ကျန်တဲ့ကောင်းတဲ့အရာ အများကြီးကိုမပစ်ပယ်ဘူး။ ဒီဟာတော့ ကျနော်တို့လုပ်ရမှာပဲ။ နောက်တစ်ခုက ဒီဟာက ကျနော်တို့ ခုနစ်လလုံးလုံး၊ ပြီးခဲ့တဲ့ ၂၀၁၉ စက်တင်ဘာကတည်းက လုပ်ခဲ့တာ။ ခုနစ်လ လုံးလုံး ကျနော်တို့လုပ်ခဲ့တာဟာဖြစ်သလို အငြင်းပွားဖွယ်ရာဆိုတာကလည်းရှိတော့ရှိမှာပဲ။ ဘာပဲဖြစ်ဖြစ် ကျင့်ဝတ်ဆိုတဲ့ကိစ္စက လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စဆိုတော့ နိုင်ငံတကာ မှာလည်း လုပ်ကြတယ်။ ဒါလေးကိုတော့အောင်အောင်မြင်မြင်ဖြစ်အောင် လုပ်သင့်တယ်လို့မြင်တယ်။ ဒါက ကျနော့်အယူအဆပါ။

လွဲနေတာကို သူက ဇွတ်မှိတ်ပြီး ထောက်ခံတယ်ဗျာ။ နောက်ထပ် သူ့ Image ကျစေတဲ့ကိစ္စက ရက်ပေါင်း (၉၀) ကိစ္စ။ ရက်ပေါင်း (၁၈၀) ကနေ (၉၀) ကို ချုံ့တာ။ အဲဒါက ပွင့်ပွင့်လင်းလင်းပြောရင် သူ့လုပ်ပိုင်ခွင့်ထဲကပေါ့။ သူက အဲဒါကို …

ငြမ်းမီဒီယာ – USDP လက်ထက်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) နဲ့ NLD အစိုးရလက်ထက် ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ကို ယှဉ်ကြည့်ရင် ဘယ်ဟာက ပိုပြီးတရားမျှတမှုရှိလိမ့်မယ်လို့ ယူဆပါသလဲ။

Dr. MKL – ရွေး/ကော်က ၂၀၁၀ နဲ့ ၂၀၁၅ ကိုကျင်းပပေးခဲ့တဲ့ရွေး/ကော်ကတစ်ဖွဲ့၊ အခု ၂၀၂၀ ကိုကျင်းပမယ့်ရွေး/ကော်ကတစ်ဖွဲ့ပေါ့။ ၂၀၁၀ မှာ Code of Conduct မရှိဘူး။ စစ်အစိုးရကစတင်ကျင်းပတယ်ဆိုတော့ အားလုံးကသပိတ်မှောက်ထားလို့ အဲဒါကမဖြစ်လာဘူး။ သို့သော် ၂၀၁၅ ကျတော့ ဖြစ်လာတယ်။

ဦးတင်အေးတို့လက်ထက် မှာ Code of Conduct ရှိလာတယ်။ အဲဒါနဲ့သွားတယ်။ သွားတဲ့အခါမှာ သူတို့ဆုံးဖြတ်ချက်တွေ၊ ယူဆချက်တွေပြန်ကြည့်တဲ့အခါ ကျနော့်တစ်ဦးတည်းရဲ့ ယူဆချက်အရတော့ ၂၀၁၅ ရွေး/ကော်က အခုဒီ ၂၀၂၀ ရွေး/ကော်ထက် ပိုပြီးကောင်းတယ်။ အငြင်းပွားဖွယ်သိပ်မရှိဘူး။ ဘာကြောင့်လည်းဆိုတော့ ဒီ ၂၀၂၀ ရွေး/ကော် အမှတ်ကျ သွားတာက မဖြစ်သင့်တာတွေကို သူက ဇွတ်မှိတ်ပြီးဆက်ခံတာ သူ့အတွက် Image အရမ်း ထိတယ်။ အဲဒါ သူ့အပေါ် ယုံကြည်မှု ကျဆင်းစေတာပဲ။

အထူးသဖြင့် မြို့မိမြို့ဖ ကိစ္စကို သူထောက်ခံတယ်ဗျာ။ နောက်တစ်ခါ ဗိုလ်ချုပ်ပုံချိတ်ဆွဲခြင်းကိစ္စ။ အဲဒါက နိုင်ငံတော်အထိမ်းအမှတ် ချိတ်ဆွဲပြသခြင်း ထိန်းချုပ်မှုအက်ဥပဒေ၊ ဒီ ၂၀၁၅ အက်ဥပဒေနဲ့ လုံးဝငြိစွန်းနေတာ။ အဲဒါကို လည်း သိသိကြီးနဲ့ ‘ရပါတယ်’ လို့ သူကလုပ်တယ်။ အမှန်က ဒါဟာ ဥပဒေအရအငြင်းပွားရမှာ။ သူက ‘ရပါတယ်’ လို့ ဝင်ပြောရမှာမဟုတ်ဘူး။ သူပြောချင်ရင်လည်း ရှေ့နေချုပ်ရုံးကိုပြန်တိုင်ပင်ပြီး အသေးစိတ်လုပ်မှရမယ်။ ဒီအတိုင်းကြီး ပြောလို့မရဘူး။

ဒါပေမယ့် ကျနော်လေ့လာကြည့်တော့ ဥပဒေကရှင်းရှင်းလေးပဲ။ ဘာမှအငြင်းပွားဖွယ်ရာမရှိဘူး။ ကိစ္စကလွဲနေတယ်။ လွဲနေတာကို သူက ဇွတ်မှိတ်ပြီး ထောက်ခံတယ်ဗျာ။ နောက်ထပ် သူ့ Image ကျစေတဲ့ကိစ္စက ရက်ပေါင်း (၉၀) ကိစ္စ။ ရက်ပေါင်း (၁၈၀) ကနေ (၉၀) ကို ချုံ့တာ။ အဲဒါက ပွင့်ပွင့်လင်းလင်းပြောရင် သူ့လုပ်ပိုင်ခွင့်ထဲကပေါ့။ သူက အဲဒါကိုတောင် မရအရ လုပ်တယ်ဆိုရင် ဧည့်နိုင်ငံသား မဲပေးခွင့်ကိစ္စကို သူဘာလို့မဖြုတ်သလဲ။ အဲဒါကြီးက သူ့ကိုထောက်ပြစရာ ဖြစ်စေတဲ့အချက်ကြီးပေါ့။ ဧည့်နိုင်ငံသားမဲပေးခွင့်ကို နည်းဥပဒေပြင်ပြီး သူဖြုတ်ချခဲ့ရမှာ။ ရက်ပေါင်း (၉၀) က ဒီဟာလောက်အရေးမကြီးဘူး။ ဒါပေမယ့် အကျိုးစီးပွားကို ရည်မျှော်ပြီး ရပ်တည်တာက သူ့ကို ဂုဏ်သိက္ခာကို ကျစေတာပဲ။

ကျနော် က အချက် (၃) ချက်နဲ့ တန်ဖိုးဖြတ်တယ်။ အဲဒီတော့ တခြားသူလုပ်ထားတဲ့ကောင်းတာတွေအတော်များများက မကောင်းဘူးဖြစ်သွားတာပေါ့။ ကြားနေအဖွဲ့အစည်းဆိုတာ ရပ်တည်ချက်မှန်ကန်ရတယ်၊ အမှားနည်းအောင်လုပ်ရတယ်။ အလွန်ထင်ရှားမြင်သာတဲ့ကိစ္စတွေမှာ အမှားလုပ်ပြီဆိုရင် ဒါကသိပ်မဟုတ်တော့ဘူး။

ကျနော့်အမြင်အရဝေဖန်သုံးသပ်ရရင် ၂၀၂၀ အတွက် ရွေး/ကော်က ၂၀၁၅ ရွေး/ကော်ကို မမီဘူး။ အဲဒီလိုပြောလို့ ကျနော်က ဟိုဘက်ကိုထောက်ခံတာမဟုတ် ဘူး။ ကျနော်ဘယ်ဘက်ကိုမှ မထောက်ခံဘူး။ ထောက်ခံတာတွေ၊ ကန့်ကွက်တာတွေ ကျနော်မလုပ်ဘူး။ ဒါ အမြင်ကိုပဲပြောပြတာ။

ကျနော်တို့ကို ဂုဏ်သိက္ခာ မဲ့လောက်တဲ့၊ မိုက်လုပြီးပြောရတဲ့အခြေအနေမျိုးမဖန်တီးပါနဲ့၊ သေသေချာချာ Program လေးလုပ်ပေးပါ၊ Agenda လေးသေသေချာချာလုပ်ပေးပါဆိုပြီး …

ငြမ်းမီဒီယာ – ၂၀၁၀ ကစပြီးကျင်းပခဲ့တဲ့ ရွေးကောက်ပွဲ၊ ကြားဖြတ်ရွေးကောက်ပွဲတွေထဲမှာ ဘယ်ရွေးကောက်ပွဲက တရားမျှတမှု မရှိဆုံးလို့ ယူဆပါသလဲ။ ၂၀၂၀ ရွေးကောက်ပွဲကရော ဘယ်လောက်ထိ တရားမျှတမှုရှိမယ်လို့ မျှော်လင့်ပါသလဲ။

Dr. MKL – ၂၀၂၀ အတွက်ကတော့ ရွေးကောက်ပွဲကျင်းပပြီးမှ ပြောနိုင်မယ်။ အငြင်းပွားဖွယ်ရာတွေကို သူဘယ်လိုဆုံးဖြတ်သလဲ ကျနော်တို့စောင့်ကြည့်ရမယ်။ ဒါပေမယ့် Pre – Election Management မှာတော့ ဒီ ၂၀၂၀ ရွေး/ကော်၊ ဦးလှသိန်း တို့အဖွဲ့ကတော့ နည်းနည်းလေးလိုအပ်ချက်တွေများတယ်။

ကျနော်စောစောကပြောတာမှာ တစ်ချက်ကျန် သွားတယ်။ ၂၀၁၅ ရွေး/ကော်ကိုမမီတာ ၂၀၁၅ ရွေး/ကော် လောက်တောင် နိုင်ငံရေးပါတီတွေနဲ့တွေ့ဆုံခြင်းတွေ၊ အဖြေထုတ်ခြင်းတွေက မသိမ်မွေ့ဘူး။ ချောချောမောမောမဖြစ် ဘူး။ တွေ့တဲ့အချိန်လည်း နည်းတယ်။ နောက်တစ်ခါ စီမံခန့် ခွဲမှုပိုင်းမှာလည်း တော်တော်လေးလိုတယ်။ ဘာကြောင့်လည်းဆို ပထမအကြိမ်၊ ဒုတိယအကြိမ် တွေ့ဆုံမှုတွေကတည်းက ကျနော်တို့ပြောနေပြီ။ ကျနော်တို့ကို ဂုဏ်သိက္ခာ မဲ့လောက်တဲ့၊ မိုက်လုပြီးပြောရတဲ့အခြေအနေမျိုးမဖန်တီးပါနဲ့၊ သေသေချာချာ Program လေးလုပ်ပေးပါ၊ Agenda လေးသေသေချာချာလုပ်ပေးပါဆိုပြီး Request လုပ်တယ်။ လုံးဝဂရုမစိုက်ဘူး၊ သူလုပ်ချင်တာတွေလုပ်တယ်။ ဒီပုံစံအတိုင်းပဲပြန်ဖန် တီးတယ်။

အခု ဗိုလ်ချုပ်ရုပ်ပုံသာမက တခြားအငြင်းပွားဖွယ်ရာတွေ ပေါ်လာရင်လည်း ဆောင်ရွက်စေချင်တယ်။ မဟုတ်ရင် ရန်တိုက်ပေးနေ သလိုပဲဖြစ်မှာပေါ့။ ဒိုင်လူကြီးမရှိတဲ့ပွဲလိုပဲ လုပ်ချင်သလိုလုပ်ကြတာမျိုး ဖြစ်နေတယ်။ …

အဲဒီတော့ နောက်ဆုံးမှာ ပြီးခဲ့တဲ့ ဇွန် (၂၇) ရက် နေ့ပွဲလို ပေါက်ကွဲတာပေါ့။ အကြိမ်ကြိမ်အခါခါ စော်ကားသလိုဖြစ်နေတယ်။ နိုင်ငံရေးပါတီတွေက လမ်းဘေးလူတွေ မဟုတ်ဘူးလေ။ အပြန်အလှန်လေးစားမှုရှိရမှာပေါ့။ စီမံခန့်ခွဲမှုအပိုင်းမှာ အရမ်းအားနည်းတယ်။ Pre – Election Management ကတော့တော်တော်လိုပါတယ်။ ပြည်နယ် ဆိုင်ရာတွေ့ဆုံမှုဆိုရင် ၂၀၁၉ ဒီဇင်ဘာက တစ်ကြိမ်ပဲတွေ့ ဖူးတယ်။

အမှန်တော့ ကျနော်တို့နိုင်ငံရေးပါတီတွေဆိုတာ ရွေး/ကော်နဲ့ ထိတွေ့နေရမှာ။ ဟိုနေ့က ကျနော်တို့ကို ပြောတယ်။ သူတို့ကို ဆွေးနွေးပါ၊ စာပို့ပါ ဆိုပြီးပြောတယ်။ ဒါပေမယ့်တကယ်တမ်းစာပို့ရင် သူတို့လုံးဝအကြောင်းမပြန်ဘူး။ တွေ့ဆုံမှုဆိုတာ ဝေးရော။ တကယ်တော့ နိုင်ငံရေးပါတီနဲ့ ရွေး/ကော်ဆိုတာ ညီအစ်ကိုလိုစကားပြောနေရမှာလေ။ ရင်းရင်းနှီးနှီးကိုဖြစ်နေရမှာ။ ပြည်နယ်ဆိုလည်း ပြည်နယ်အလိုက် ပေါ့။ ခရိုင်ဆိုလည်း ခရိုင်အလိုက်။ ပြည်ထောင်စုဆို ပြည်ထောင်စုအလိုက်။ ရင်းနှီးမှုဆိုတာရှိနေမှ အကျိုးသင့်အကြောင်းသင့်လေးက ဖြစ်လာမှာ။ အဲဒီလိုကို သူတို့ဘက်ကမဖန် တီးတာ။ အဲဒီလိုတော့ ကျနော်မြင်တယ်။

၂၀၂၀ ရွေး/ကော်က ကြားဖြတ်ရွေးကောက်ပွဲတစ်ကြိမ်တော့ သူတို့ဖြတ် သန်းပြီးပါပြီ။ ကြားဖြတ်တစ်ကြိမ်မှာတော့ အငြင်းပွားဖွယ်ရာ တွေဘာတွေ သိပ်မတွေ့ရဘူး။ ဒါပေမယ့်ဘာလုပ်သလဲဆိုတော့ မဲဆန္ဒနယ်မြေတွေ အတိုးအလျော့လုပ်တာတွေ၊ တချို့ကိစ္စ လုပ်တာတွေမှာ သိပ်ပြီးတော့မဟုတ်ဘူး။ ဥပမာ ဆိပ်ကမ်းမြို့နယ်ဖြုတ်ပစ်တာလိုမျိုးပေါ့။ အဲဒါမျိုးလေးတွေတွေ့ရတယ်။ ဒါကတော့ ဟိုခေတ်တုန်းကလည်း တချို့ကိစ္စတွေရှိတယ်။ ဒါပေမယ့် ရှေ့ကလုပ်တိုင်း ကိုယ်ကလုပ်စရာမလိုဘူးလို့ ကျနော်မြင်တယ်။ မတူဘူးကိုး။ မတူကြောင်းကိုပြဖို့ ပြည်သူ့ဘက်က ပြည်သူ့ရဲ့အသံကိုနားထောင်ပြီး သူတို့ပြင် ဆင်ရမှာ။ အဲဒီဟာတွေအားနည်းတယ်။

ဆိုတော့ တရားမျှတမှုကိုတော့ မဖော်ဆောင်နိုင်သေးဘူးလို့မြင်တယ်။ ရက်ပေါင်း (၉၀) သတ်မှတ်တာ ဆိုးသွားတယ်။ ဧည့်နိုင်ငံသားကိုမဖျက်တော့ ဒုံရင်း ဒုံရင်းပဲလို့မြင်တယ်။ ဒါက ပြည်နယ်တွေအတွက်ပေါ့။ အဲဒါကိုပြောချင်ပါတယ်။

ငြမ်းမီဒီယာ – တခြားဖြည့်စွက်ပြောချင်တာရှိရင်လည်းပြောပေးပါဦး။

Dr. MKL – တခြားဆိုရင် ကျနော်ပြောလိုတာက COC ချိုး ဖောက်တယ်ဆိုရင် ဒိုင်လူကြီးဖြစ်တဲ့ ရွေး/ကော်အနေနဲ့ တိုင်မှ မဟုတ်ပါဘူး။ သူတို့မှာ စေ့စပ်ညှိနှိုင်းမှုကော်မတီဆိုတာရှိတယ်။ သူတို့ အလုပ်လုပ်ရမယ်။ တိုင်တာကို စောင့်နေစရာမလိုဘူး။ ကျနော်က ဒီလိုမြင် တယ်။ နောက်တစ်ခုက ဥပဒေကြောင်းအရ ချိုးဖောက်နေတယ်ဆိုရင်လည်း လူပြောများလာရင် ဒီဟာကိုချက်ချင်းစီမံခန့်ခွဲဖို့လိုတယ်။

အခု ဗိုလ်ချုပ်ရုပ်ပုံသာမက တခြားအငြင်းပွားဖွယ်ရာတွေ ပေါ်လာရင်လည်း ဆောင်ရွက်စေချင်တယ်။ မဟုတ်ရင် ရန်တိုက်ပေးနေ သလိုပဲဖြစ်မှာပေါ့။ ဒိုင်လူကြီးမရှိတဲ့ပွဲလိုပဲ လုပ်ချင်သလိုလုပ်ကြတာမျိုး ဖြစ်နေတယ်။ သိပ်တော့အလုပ်မဟုတ်ဘူးပေါ့။ နိုင်ငံတော် အဖွဲ့အစည်းက သူတို့အလုပ်လုပ်ဖို့လိုတယ်။ လုပ်သင့်သလောက်လုပ်တယ်ဆိုပေမယ့် တချို့ဟာတွေက စောစောစီးစီးကြိုဖြေရှင်း ထားရမယ့်ဟာမျိုးတွေရှိတယ်။ လုပ်ရမယ့် ဟာတွေကို လုပ်ဖို့ပြောတာပါ။ အဲဒါမျိုးပေါ့။

ငြမ်းမီဒီယာ – ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။

ငြမ်းမီဒီယာ


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , ,