UEC ခေါင်းဆောင်အပါအဝင် (၆) ဦး နုတ်ထွက်ဆိုတဲ့ သတင်းအမှား

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

UEC ကော်မရှင် ခေါင်းဆောင်အပါအဝင် အဖွဲ့အဝင် (၆) ဦးထက်မနည်း နုတ်ထွက်စာတင်ထားတယ် ဆိုတဲ့ အကြောင်းအရာကို သီရိ အမည်ရ ဖေ့စ်ဘွတ်အကောင့် က ဒီဇင်ဘာ(၃) ရက်နေ့မှာ ဖြန့်ချိထားတာတွေ့ရပါတယ်။ သည်နေရာမှာ ကြည့်နိုင်ပါတယ်။ web archive ကို  သည်နေရာမှာ ကြည့်နိုင်ပါတယ်။

သီရိ အမည်ရ ဖေ့စ်ဘွတ်အကောင့်ဟာ သည်အကြောင်းအရာကိုပဲ ဒီဇင်ဘာလ(၄) ရက်နေ့မှာ ထပ်မံဖြန့်ချိထားတာ တွေ့ရပါတယ်။  သည်နေရာမှာ ကြည့်နိုင်ပါတယ်။ web archive ကို  သည်နေရာမှာ ကြည့်နိုင်ပါတယ်။

သီရိ အမည်ရ ဖေ့စ်ဘွတ်အကောင့်က ဖြန့်ချိထားတဲ့ UEC ခေါင်းဆောင်အပါအဝင် အဖွဲ့အသင် (၆) ဦးထက်မနည်း နုတ်ထွက်စာတင်ထားတယ်ဆိုတဲ့ အကြောင်းအရာကို မှတ်ချက်ပေးသူ၊ထပ်ဆင့်ဖြန့်ချိသူ၊React ပြုသူတွေ လည်း ရှိတာ တွေ့ရပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

SS/UEC ၏ ထုတ်ပြန်ကြေညာချက်

သည်အကြောင်းအရာနဲ့ ပတ်သက်ပြီး ငြမ်းမီဒီယာက သတင်းအမှား၊အမှန် အချက်အလက်စစ်ဆေးကြည့်ရာမှာ သီရိ ဖေ့စ်ဘွတ်အကောင့်ကနေ ဖြန့်ချိထားတဲ့ အကြောင်းအရာမျိုးကိုပဲ ဘုန်းမြင့် အမည်ရ ဖေ့စ်ဘွတ်အကောင့်ကလည်း ဖြန့်ချိထားတာတွေ့ရပြီး သည်အကြောင်းအရာတွေဟာ သတင်းအတု၊သတင်းအမှား သာ ဖြစ်တယ်လို့ UEC က သည်နေ့မှာပဲ ထုတ်ပြန်ကြေညာ ထားတာတွေ့ရပါတယ်။ သည်နေရာမှာ ကြည့်နိုင်ပါတယ်။

သည်အချက်အလက်တွေကို ကြည့်ခြင်းအားဖြင့် သီရိဖေ့စ်ဘွတ်အကောင့်က ဖြန့်ချိထားတဲ့ UEC ကော်မရှင်မှ ခေါင်းဆောင်အပါအဝင် အဖွဲ့ဝင်  (၆) ဦးထက်မနည်း နုတ်ထွက်စာတင်ထားတယ် ဆိုတဲ့ အကြောင်းအရာဟာလည်း သတင်းအတု၊သတင်းအမှား တစ်ခုသာ ဖြစ်တယ်လို့ အတည်ပြုနိုင်ပါတယ်။

” သတင်းအမှားဖြန့်တဲ့သူက ဘယ်လိုတားတားဖြန့်နေမှာပဲ။အခုလည်း ကော်မရှင်က လူတွေ နုတ်မထွက်ဘဲ ထွက်တယ်ဆိုပြီး သတင်းအမှားတွေဖြန့်တယ်။ အဲ့ဒါက အမြဲရှိနေမှာပဲ။ ချက်ချင်းတော့ တားလို့ မရနိုင်ဘူးပေါ့လေ။ ဒါတွေက Facebookတို့ ဘာတို့က တာဝန်ရှိသူတွေ တားမှပဲ ရမှာပဲ။နောက်တစ်ချက်က ကြာလာတဲ့အခါ သတင်းအမှားဖြန့်တိုင်း လူထုက မယုံကြတော့ပါဘူး။ သူတို့များများဖြန့်လေ လူထုရဲ့ ယုံကြည်မှု ဆုံးရှုံးလေပဲ” လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူးမုံရွာအောင်ရှင်က ပြောပါတယ်။

ရွေးကောက်ပွဲက နိုဝင်ဘာလ (၈ )ရက်နေ့ ကတည်းက ပြီးသွားပြီ။ ရွေးကောက်ပွဲ ရလဒ်တွေ ကိုလည်း UEC က အတိအလင်း ထုတ်ပြန်ကြေညာပြီးတဲ့ အချိန် ဒီလိုဆောင်ရွက်နေတဲ့ အချိန်ဆင့်ကဲဆင့်ကဲပေါ်ပေါက်လာတာသည် အရေးယူတဲ့အပိုင်းမှာ UEC ကလည်း ထိထိရောက် အရေးမယူဘူး။နိုင်ငံတော်အစိုးရကလည်း အရေးမယူဘူး။ အရေးမယူတဲ့အတွက် ပိုပြီးတော့ ဆိုးရွားလာတယ်လို့ ကျနော်မြင်ပါတယ်။အဲဒီလို အရေးယူရန်ပျက်ကွက်နေခြင်းသည် တစ်ဘက်အဖွဲ့အစည်းတွေက စွပ်စွဲ နေခြင်းသည် မှန်ကောင်းမှန်နိုင်တယ်လို့ ပြည်သူလူထုတွေမှာ သံသယတွေ ပိုပြီးဖြစ်စေပါတယ်။ထို့အတူပဲ တစ်ဘက်ကအဖွဲ့အစည်းတွေအနေနဲ့ အရေးယူမှု မလုပ်ဘူးဆိုရင် ဒိထက်ပိုဆင့်ကဲပြီးမှ လူစုလူဝေးနဲ့ ခြိမ်းခြောက်တာတွေ၊ လူစုလူဝေးနဲ့ ရန်ပြုတာတွေ ဒါမျိုးတွေနိုင်ငံကို မတည်မငြိမ်ဖြစ်လာတာတွေ ဆိုးလာရင် ပိုပြီးထိန်းသိမ်းရခက်သွားနိုင်ပါတယ် လို့ ဥပေဒအကြံပေး ဦးခင်မောင်မြင့် က ဆိုပါတယ်။

ဥပဒေအမြင်အရကြည့်ရင် ခုဆောင်ရွက်နေတဲ့ဆောင်ရွက်ချက်တွေသည် ဥပဒေနှင့်အညီဆောင်ရွက်ချက်တွေလို့ ဘယ်လိုမှ သတ်မှတ်လို့ မရပါဘူး။ရွေးကောက်ပွဲရလဒ် ကိုလည်းပြည်သူတွေ ထင်ယောင်ထင်မှား၊ သံသယဖြစ်အောင် ဖန်တီးနေသလို ရွေးကောက်ပွဲရလဒ်အရ ပေါ်ပေါက်လာမယ့် အစိုးရနဲ့ နိုင်ငံရေးအခင်းအကျင်းတွေကို ပေါ်ပေါက်မလာစေရန်အတွက် ကြိုတင်ပြီးဖန်တီးနေတဲ့ ၊ လုပ်ကြံဖန်တီးနေတဲ့ တမင်ဖန်တီးနေတဲ့ ဥပဒေနဲ့မညီတဲ့ ဆောင်ရွက်ချက်တွေလို့ ဥပဒေသမားတစ်ယောက်အနေနဲ့မြင်ပါတယ်။အဲဒီတော့ ရွေးကောက်ပွဲကော်မရှင်အနေနဲ့ရော၊ ပြည်ထောင်စုအစိုးရရော၊ တိုင်းဒေသကြီးအစိုးရရော အဲဒီလိုရှုမြင်ဖို့ လိုပါတယ်။ တစ်ကယ်တမ်းပြောရင် ၂၀၂၀ရွေးကောက်ပွဲမှာ NLDကအပြတ်အသတ်အနိုင်ရတဲ့အတွက် လက်ရှိ NLDအစိုးရက ဒီလုပ်ရပ်တွေကို အရေးယူတဲ့ အခါမှာ ဝေဖန်မှုပေါ်ပေါက်လာမယ်လို့စိုးရိမ်စိုးရွံ့ပြီး ဒီအတိုင်းပဲ ဥပဒေနဲ့မညီတာတွေကို အရေးယူမှု မလုပ်ဘူးဆိုရင် ပိုပြီးတော့ နိုင်ငံသူနိုင်ငံသားအနေနဲ့စိုးရိမ်ရာ အခြေအနေတွေဖြစ်ကြပါလိမ့်မယ်။ စိတ်မချမ်းမမြေ့စရာတွေဖြစ်ပါလိမ့်မယ် လို့ ဦးခင်မောင်မြင့် က ပြောပါတယ်။

အခုလို ကိုဗစ်ကာလမှာ ခံစားနေရတဲ့ကာလမှာ ခုလိုအချိန်ကိုက်လှုပ်ရှားနေတာသည် နိုင်ငံသူ၊နိုင်ငံသားတွေရဲ့စိုးရိမ်သောကကို ပိုများစေတယ်။စိတ်ဓာတ်ရော၊လုံခြုံမှုရော ပိုပြီးစိုးရိမ်ဖွယ်ရာဖြစ်စေတဲ့အတွက် ခြုံပြီးပြောရင် ဥပဒေမှာ တိတိကျကျ၊ ပြည်ထောင်စုရွေးကောက်ပွဲဥပဒေမှာလည်း ဘယ်လိုပြစ်မှုတွေ ကျူးလွန်ရင်၊ ဘယ်လိုပြစ်ဒဏ်ချမှတ်ရမယ်လို့ တိတိကျကျ ပြဌာန်းထားသလို ရာဇသတ်ကြီးဥပဒေတွေထဲမှာ လည်း  ရွေးကောက်ပွဲဆိုင်ရာပြစ်ဒဏ်တွေရော၊ နိုင်ငံတော်အစိုးရကို အကြည်ညို ပျက်အောင်ဆောင်ရွက်တာတွေနဲ့  ပတ်သက်လို့ရော၊ အများပြည်သူအကျိုးပျက်စီးစေမှုကိုဖြစ်တဲ့ဆောင်ရွက်မှုတွေကိုလည်း ပြဌာန်းပြီးသားဖြစ်ပါတယ်။ပြဌာန်းပြီးသားဖြစ်တဲ့အပေါ်မှာ UECကရော နိုင်ငံတော်အစိုးရကရော၊ တစ်စုံတရာ တုံ့ပြန်ပြီးအရေးယူမှုတွေ မပြုလုပ်ခြင်းသည်လည်း နိုင်ငံသားတွေအပေါ်မှာ တာဝန်ပျက်ကွက်နေတယ်လို့မြင်ပါတယ်။ကျနော်တို့ တိုက်တွန်းချင်တာက ဒီဟာတွေအပေါ်မှာ လက်ရှိတည်ဆဲ အစိုးရဖြစ်တဲ့ ပြည်ထောင်စုအစိုးရအနေနဲ့ ထိထိရောက်ရောက်အရေးယူဆောင်ရွက်စေချင်တယ်။ UEC အနေနဲ့လည်း မိမိရဲ့ဆောင်ရွက်ချက်တွေကို မှန်ကန်နေတယ်ဆိုရင် မှန်ကန်ကြောင်းကို သက်သေပြဖို့အတွက် မမှန်မကန်ဆောင်ရွက်ချက်တွေကို ဥပဒေကြောင်းအရ ပြတ်ပြတ်သားသား အရေးယူပေးဖို့လိုတယ် လို့ ဥပဒေအကြံပေး ဦးခင်မောင်မြင့် က မှတ်ချက်ပြုပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ


Share this post
  •  
  •  
  •  
  •  
  •  
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , ,