UEC နှင့် NLD ဖျက်သိမ်းရန် သေချာ ဆိုတဲ့ သတင်းအမှားဖြန့်၊ သတင်းအမှား ဖြန့်သူတွေ ရှုပ်ထွေးအောင် လုပ်နေဟု NLD ဆို

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

ကမ္ဘာမှာ ဗုဒ္ဓဘာသာ ဝံ့ကြွားလို့ရပြီ ၊ UEC၊ NLD ဖျက်သိမ်းရန် တစ်ရာ ရာခိုင်နှုန်း သေချာပြီ ဆိုတဲ့ အကြောင်းအရာကို ဒီဇင်ဘာ (၁၉ ) ရက်နေ့ က သီရိ အမည်ရ ဖေ့စ်ဘွတ်အကောင့်က ဖြန့်ချိထားတာ တွေ့ရပါတယ်။

သည်အကြောင်းအရာကို ထပ်ဆင့် ဖြန့်ချိသူ၊ မှတ်ချက်ပေးသူ၊ React ပြုသူတွေ လည်း ရှိတာတွေ့ရပါတယ်။ သည်နေရာမှာ ကြည့်နိုင်ပါတယ်။ web archive ကို  သည်နေရာမှာ ကြည့်နိုင်ပါတယ်။

သီရိ ဖေ့စ်ဘွတ်အကောင့်က ဖြန့်ချိထားတဲ့ ကမ္ဘာမှာ ဗုဒ္ဓဘာသာ ဝံ့ကြွားလို့ရပြီ ၊ UEC၊ NLD ဖျက်သိမ်းရန် တစ်ရာ ရာခိုင်နှုန်း သေချာပြီ ဆိုတဲ့ အကြောင်းအရာ နဲ့ ပတ်သက်ပြီး ငြမ်းမီဒီယာ က အချက်အလက် စစ်ဆေးကြည့်ရာမှာ သည်အကြောင်းအရာနဲ့ ပတ်သက်ပြီး သတင်းလုပ်ငန်းစဉ်တွေနဲ့ အညီ ဖော်ပြတဲ့ သတင်းဌာနတွေမှာ သည်လို အကြောင်းအရာ ဖော်ပြထားတာ မရှိပါဘူး။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

သီရိ ဖေ့စ်ဘွတ်အကောင့်က ဖြန့်ချိထားတဲ့ UEC၊ NLD ဖျက်သိမ်းရန် တစ်ရာ ရာခိုင်နှုန်း သေချာပြီ ဆိုတဲ့ အကြောင်းအရာဟာ သတင်းအမှား သာ ဖြစ်တယ်လို့ NLD ပါတီ ဗဟိုပြန်ကြားရေးအဖွဲ့ ၊ အတွင်းရေးမှူး မုံရွာအောင်ရှင် က အတည်ပြု ပြောကြားပါတယ်။

သီရိ ဖေ့စ်ဘွတ်အကောင့်ဟာ သတင်းအတု၊သတင်းအမှား တွေ ကို ရည်ရွယ်ချက်တစ်ခုခုနဲ့ တစိုက်မတ်မတ် ဖြန့်ချိနေတဲ့ ဖေ့စ်ဘွတ်အကောင့် တစ်ခု ဖြစ်တာ တွေ့ရပါတယ်။ သီရိ ဖေ့စ်ဘွတ်အကောင့် က ဖြန့်ချိခဲ့တဲ့ သတင်းအတု၊ သတင်းအမှား တွေကို သည်နေရာ  နဲ့  သည်နေရာမှာ ကြည့်နိုင်ပါတယ်။

” ဒီသတင်းတွေက မဖြစ်နိုင်တာပါ။ အခြေအမြစ် မရှိပါဘူး။ အဓိကကတော့ သတင်းအမှားတွေ၊ ကောလာဟလတွေနဲ့ အဓိက က ပြည်သူလူထု ကိုရှုပ်ထွေးအောင်လုပ်နေကြတယ်။ ရွေးကောက်ပွဲပြီးတာ ရက်လေးဆယ် ကျော်ပြီ သတင်းအမှား ဖြန့်သူတွေ တစ်ရက်မှ မနားဘဲ အဲဒီလို ရှုပ်ထွေးအောင်လုပ်နေကြတာပါ လို့ မုံရွာအောင်ရှင် က ပြောပါတယ်။

သည် အချက်အလက်တွေကို ကြည့်ခြင်းအားဖြင့် သီရိ ဖေ့စ်ဘွတ်က ဖြန့်ချိထားတဲ့ အထက်ပါအကြောင်းအရာဟာ သတင်းအမှား သာ ဖြစ်တယ်ဆိုတာကို သိနိုင်ပါတယ်။

” ဒီဟာတွေကပြောရရင် ဆန်စင်ရာ ကျည်ပွေ့လိုက် သလိုပဲပေါ့လေ။ကျနော်တို့ လုပ်လို့မဖြစ်ဘူး။တစ်ခါတရံကြ လစ်လျူရှုလိုက် ရတယ်လေ။ လစ်လျူရှုလိုက်မှ သူ့ဘာသာ ပြီးသွားတာပဲ။ နောက်တစ်ခါ ပြည်သူ လူထုက မယုံတာဗျ။ လူထုက တချို့သတိတောင် မထားမိဘူးဗျ။ ယုံလည်း မယုံကြည်ပါဘူး ” လို့ မုံရွာအောင်ရှင် က မှတ်ချက်ပြုပါတယ်။

အားလုံးဘေးကင်း ကျန်းမာကြပါစေ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ


Share this post
  •  
  •  
  •  
  •  
  •  
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , ,