UEC ဥက္ကဌ အပါအဝင် ငါး ဦးကို အတိုင်ပင်ခံရုံး ညတွင်းချင်း ခေါ် ဆိုတဲ့ သတင်းအမှား ဖြန့်

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

UEC ဥက္ကဌ ဦးလှသိန်း ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင်၊ NLD တာဝန်ရှိသူတွေ ဖြစ်ကြတဲ့ မုံရွာအောင်ရှင်၊ ဒေါက်တာမျိုးညွန့် နဲ့ နိုင်ငံတော်အတိုင်ပင်ခံရုံး၊ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး တို့ကို အတိုင်ပင်ခံရုံး က ညတွင်းချင်း လာရောက်ဖို့ ခေါ်ဆိုထားတယ်ဆိုတဲ့ အကြောင်းအရာကို သီရိ အမည်ရ ဖေ့စ်ဘွတ်အကောင့် က ဇန်နဝါရီ (၁၂) ရက်နေ့မှာ ဖြန့်ချိထားတာတွေ့ရပါတယ်။

သည်အကြောင်းအရာကို ထပ်ဆင့်ဖြန့်ချိသူ၊ မှတ်ချက်ပေးသူ၊ React ပြုသူတွေ လည်း ရှိတာတွေ့ရပါတယ်။ သည်နေရာမှာ ကြည့်နိုင်ပါတယ်။ web archive ကို  သည်နေရာမှာ ကြည့်နိုင်ပါတယ်။

သီရိ အမည်ရ ဖေ့စ်ဘွတ်အကောင့်ဟာ အကြောင်းအရာမျိုးစုံ၊ ပုံစံမျိုးစုံနဲ့ သတင်းအတု၊ သတင်းအမှား တွေကို ဖြန့်ချိနေသူ တစ်ဦး ဖြစ်ပါတယ်။ သီရိ ဖေ့စ်ဘွတ်အကောင့် က ဖြန့်ချိခဲ့တဲ့ သတင်းအတု ၊ သတင်းအမှား တွေကို သည်နေရာ နဲ့  သည်နေရာမှာ ကြည့်နိုင်ပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

UEC ဥက္ကဌ အပါအဝင် ငါး ဦးကို အတိုင်ပင်ခံရုံး ညတွင်းချင်း ခေါ် ဆိုတဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီး ငြမ်းမီဒီယာ က အချက်အလက် စစ်ဆေး ရာမှာ NLD ပါတီရဲ့ ဗဟိုအလုပ်မှုဆောင် ဒေါက်တာမျိုးညွန့် က သတင်းအမှား သာ ဖြစ်တယ်လို့ အတည်ပြု ပြောကြားပါတယ်။

” အခုထိ ကျနော်တို့ ရန်ကုန်မှာပဲ ရှိပါတယ်။ ဘာမှ မဖြစ်ပါဘူး။ ဘယ်သူ့မှ လည်း မခေါ်ပါဘူး ” လို့ NLD ပါတီရဲ့ ဗဟိုအလုပ်မှုဆောင် ဒေါက်တာမျိုးညွန့် က ပြောပါတယ်။

NLD ပါတီ၊ ဗဟိုပြန်ကြားရေးကော်မတီ၊ အတွင်းရေးမှူး မုံရွာအောင်ရှင်က လည်း သည် အကြောင်းအရာ ဟာ သတင်းအမှား သာ ဖြစ်တယ်လို့ အတည်ပြုပါတယ်။

” ရှုပ်ထွေးအောင် လုပ်နေကြတာပေါ့ဗျာ။ ရေနှောက်ပြီး ငါးဖမ်းတဲ့ သဘောပါပဲ။ ပြည်သူတွေက လည်း ဘယ်ဟာက သတင်းအတု၊ ဘယ်ဟာက သတင်းအမှန်ဆိုလဲ ဆိုတာ သိလာနေကြပါပြီ ။ ကျနော်တို့ကတော့ ဒီကိစ္စတွေကို အထူး မတုံ့ပြန်ချင်တော့ပါဘူး ” လို့ မုံရွာအောင်ရှင် က ပြောပါတယ်။

အားလုံးဘေးကင်း ကျန်းမာကြပါစေ။

ငြမ်းမီဒီယာ

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Share this post
  •  
  •  
  •  
  •  
  •  
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , ,