Vote NLD စာတန်း ပါ အင်္ကျီနဲ့ ဘောလီဝုဒ်မင်းသား

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

သည်တစ်ခါ ပြောပြလိုတာက Vote NLD စာတန်း ပါ အင်္ကျီနဲ့ ဘောလီဝုဒ်မင်းသား ရှာရွခ်ခန်း ဓာတ်ပုံအကြောင်းဖြစ်ပါတယ်။

သည်ဓာတ်ပုံကို Bollywood Update News Myanmar အမည်ရတဲ့ ပေ့ချ်က နိုဝင်ဘာလ (၂) ရက်နေ့မှာ ဖြန့်ချိခဲ့တာပါ။သည် ဓာတ်ပုံကို ထပ်ဆင့်ဖြန့်ချိသူ၊ မှတ်ချက်ပေးသူနဲ့ React ပေးသူတွေ ရှိတာကိုလည်း တွေ့ရပါတယ်။ သည်နေရာမှာ ကြည့်နိုင်ပါတယ်။ web archive ကို သည်နေရာမှာ ကြည့်နိုင်ပါတယ်။

သည်ဓာတ်ပုံမှာ ရှာရွခ်ခန်း ဝတ်ဆင်ထားတဲ့ အင်္ကျီမှာ ပါဝင်တဲ့ Vote NLD စာတန်းဟာ မူရင်းဓာတ်ပုံမှာ မပါဝင်ဘဲ ပြန်လည်ပြုပြင်ဖန်တီးထားချက်တစ်ခုသာဖြစ်ပါတယ်။ မူရင်း ဓာတ်ပုံကို   သည်နေရာနဲ့  သည်နေရာမှာ  ကြည့်နိုင်ပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

” ခုချိန်မှာ ကျနော့်လည်း သတင်းအမှားတွေနဲ့ လုပ်ကြံတဲ့ အဖွဲ့တွေဆိုလည်း တွေ့နေရပါတယ်။ ကျနော်မပြောဘဲ ပါတီကို ဘာပြောတယ်။ ညာပြောတယ်ဆိုပြီးလျှောက်ပြောတာတွေ့နေရတယ် ” လို့ သတင်းအတု၊ သတင်းအမှားတွေနဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူး မုံရွာအောင်ရှင် က ပြောပါတယ်။

ဒီကနေ့ကာလက အဖျက်အမှောင့်တွေက တဖြည်းဖြည်းနဲ့ အားကြီးလာတယ်။ပါတီရဲ့သိက္ခာတွေကျတာတင် မဟုတ်ဘူး။ရွေးကောက်ပွဲသိက္ခာကိုပါ ကျအောင်လုပ်နေကြတယ်။ရွေးကောက်ပွဲကို ပျက်အောင်လုပ်နေတဲ့ ပုံရိပ်တွေက ပေါ်လာတယ်။ကျနော်တို့အဖွဲ့တွေက သည်းခံ ရမယ်။ နောက်ကိုယ့်ရဲ့ရည်မှန်းချက်ကို ဇွဲရှိရှိနဲ့နေရမယ်။အဲဒီအနေအထားအထိဖြစ်ဖို့သင့်ပြီလို့ ထင်တယ်။ စိတ်လိုက်မာန်ပါမတုံ့ပြန်ပါနဲ့ လို့ မုံရွာအောင်ရှင်က မှတ်ချက်ပြုပါတယ်။

ငြမ်းမီဒီယာ


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , ,